Unicode version
🌺ကျွန်တော်ချစ်တဲ့...မ🌺
အပိုင်း-၁၄
ဒေါ်သိမ့်သူ အမုန်းလက်ထဲကိုဓါတ်ပုံတွေထည့်လိုက်သည်။
"ဒါကြောင့် အန်တီ့သမီးအခုလောက်ထိဖြစ်သွားတာ။ မင်းကိုမပြောခဲ့ဘူးလား။ အန်တီ့သမီးတွေနဲ့မပါတ်သတ်ပါနဲ့ဆိုတာ။" အမုန်းဓါတ်ပုံတွေကို ကြည့်မိသည်။
ဒီပုံတွေကိုမြင်ရုံနဲ့ သူတို့နှစ်ယောက်ရဲ့ အဆင်ပြေနေတဲ့ဆက်ဆံရေးကို ခန့်မှန်းနိုင်နေပြီပဲ။။
"သမီးအငယ်ကို တခါတွဲတယ်။ အခု သမီးကြီးကို တွဲဖို့စီစဉ်နေတယ်။ အန်တီ ဘယ်လိုနားလည်ပေးရမှာလဲ"
အမုန်းက"ဒီဓါတ်ပုံကိုရိုက်တာသူကိုပဲ တရားစွဲရမှာ မဟူတ်လား အန်တီ " ဒေါ်သိမ့်သူမျက်မှောင်ကုတ်သွားသည်။
"ဘာ"
"ကျွန်တော်နဲ့ မ ...အခုလိုခင်မင်နေတာကို အထင်လွဲအောင်ရိုက်ထားတဲ့ ဓါတ်ပုံဆရာကိုပဲ အပြစ်တင်သင့်တာပါ။
အန်တီလဲသိမှာပါ။ မ ရဲ့အခြေအမေကို ။ကျွန်တော် တောင်ကြီးလိုက်သွားခဲ့တယ်။ တခြားထက် မ စိတ်ဆင်းရဲနေရမယ်ဆိုရင် ကျွန်တော်ရှေ့ဆက်တိုးမှာမဟုတ်ဘူး "
အမုန်းဓါတ်ပုံတွေကို ပြပြီး
"မ အခုလိုေပျာ်နေတာ အရင်ကရှိခဲ့ဖူးလား။ အန်တီသေချာကြည့်ပါ။
ကျွန်တော် စတွေ့စဉ်ကနဲ့ အခုအခြေအနေနဲ့" ဒေါ်သိမ့်သူမငြင်း။ မြူလင်း ရဲ့ပီတိဖြာနေတဲ့ပုံစံက တကယ်ကိုစိတ်ချမ်းနေတယ်ဆိုတာဖော်ပြနေတာပဲ။
"ဒါပေမယ့်...မြူလင်း အခုအခြေအနေထိရောက်တာ ဒါတွေကြောင့်" အမုန်းလက်သီးဆုတ်ထားသည်။
"အန်တီ အတပ် ပြောနိုင်လား။ ဒီဓါတ်ပုံကြောင့်ဆိုတာထက်။ ဒီဓ့တ်ပုံနဲ့ မ ကိုစွပါစွဲတဲ့သူကသာ အပြစ်ရှိတာပါ။
ဘယ်သူလဲဆိုတာ ကျွန်တော်သိတယ်။ ခတ္တာဝေ မဟုတ်လား။ ခတ္တာဝေက အနိတီ့သမီးဖြစ်နေလို့ ကျွန်တော့်ကိုလာစွပ်စွဲတာ မဟူတ်လား"
ဒေါ်သိမ့်သူ သူ့ကိုကြည့်မရတော့မှန်းသိသည်။။
"မင်း။ပြန်တော့ ငါ့သမီးကိုလာတွေ့စရာမလိုဘူး"
![](https://img.wattpad.com/cover/268706575-288-k220738.jpg)
YOU ARE READING
ကျွန်တော်ချစ်တဲ့မ
RomanceTom တစ်ယောက်ရဲ့ကလဲ့စားချေချင်တဲ့စိတ်ထက် တစ်စုံတစ်ယောက်ကို ပိုပြီးအလေးထားလာခဲ့တယ်။ ခက်တာက ကလဲ့စားချေခံရမယ့်သူရဲ့အမ ဖြစ်နေတာပဲ Creative of A Lin kway Ka. Own Creation.