Part 15 End

5.5K 219 12
                                    

Unicode version

🌺ကျွန်တော်ချစ်တဲ့...မ🌺

အပိုင်း-၁၅ ဇာတ်သိမ်း။

မြူလင်း။ အခန်းထဲမှာ တိတ်ဆိတ်စွာထိုင်နေသည်။ လှလှ သူမအတ္က်အဝတ်တွေထည့်ပေးနေပေမယ့် မနက်ဖန်သွားရတော့မယ်ဆိုတော့ စိတ်နည်းနည်းလေးမှ မပါ။

သွားဖို့ခေါင်းညိတ်ပြီးပြီဆိုတော့ ငြင်းလို့မရတော့ဘူး။ ပြီးတော့ အမုန်း။ အင်း။ ဒီအတိုင်းပြီးသွားမှာပါ။ ဟုတ်တယ်။

"လှလှ"
"ဟူတ်။မမလင်း"

မြူလင်းက

"ကျွန်မ ထွက်သွားပြီးလို့ အမုန်းရောက်လာရင် ဒီစာပေးလိုက်နော်" ဆိုတော့လှလှ စာကိုလာယူသည်။

"ဖြစ်နိုင်ရင် မမလင်းသူ့ကိုနူတ်ဆက်သွားပါလား။ပြန်လာဖို့ကမသေချာတဲ့ဟာကို။
သူသိထားရင်  ပိုမကောင်းဘူးလား"

မြူလင်းက

"မလိုဘူး။သူနဲ့ ဘာမှ မ မဟူတ်တာ" လှလှ သက်ပြင်းချလိုက်သည်။ စာကိုသိမ်းထားရင်း။ အဝတ်ပြန်ထည့်ပေးနေသည်။

မြူလင်းအပြင်ဘက်ကို‌ေငးကြည့်နေသည်။ ခဏတာတော့ပျော်ခဲ့ရပါတယ်။နူတ်ဆက်ပါတယ်။ အမုန်း။

အေးအေးချမ်းချမ်းနဲ့ပဲဘဝကိုဖြတ်သန်းပါ။ ဒီဘဝမှာ ထပ်မဆုံတွေ့ကြတာအကောင်စဆုံးဖြစ်မယ်ထင်တယ်။

သူမ တညလုံးအိပ်မပျော်ခဲ့ပါဘူး။ အခုလို အပြင်ကိုငေးရင်းနဲ့ အချိန်ကုန်သွားခဲ့တာပါ။

"သမီး။အစောကြီးနိုးနေတာလား" မြူလင်းပြုံးပြလိုက်သည်။ မနက်စာ သားအမိ သံုးယောက်အတူတူစားပြီး

မနက် ၈နာရီ မှာတော့ ကားဒရိုက်ဘာ သူမကိုလေဆပ်လိုက်ပို့သည်။ ကိုးနာရီ  မေတို့သွားရမှာမို့သူမကိုလိုက်မပို့နိုင်ပါ။ ထို့ကြောင့်သူမ ကိုလိုက်ပို့သော ကားနှင့်လိုက်ပါလာသည်။

"မမလင်း။ ဟိုရောက်ရင်လဲ ကျွန်တော်တို့ကိုမမေ့နဲ့နော်"

"အင်းပါ။ဦးလေးရဲ့"

"မမလင်းမရှိတော့။အိမ်က ခြောက်ကပ်သွားတော့မှာပဲ။ပြန်လာမယ်မဟုတ်လား။ ဦးလေး ပန်းတွေကိုစောင့်ရှောက်ထားပါ့မယ်နော်"

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now