Part 6

2K 127 0
                                    

Unicode version

🌺ကျွန်တော်ချစ်တဲ့...မ🌺

အပိုင်း-၆

မြူလင်းနိုးလာတော့ သူမဘေးမှာ မေမေရှိနေသည်။ မေမေ ကုတင်ပေါ်မှောက်ပြီးအိပ်နေတာပင်။

"အဟွတ်..အဟွတ်"။ မေမေ ချက်ချင်းခေါင်းထောင်လာသည်။

"သမီး။သမီး...နိုးပြီလား။ အောင့်သေးလား။ရင်ဘက်အောင်‌့‌ေသးလား" သူမ ခေါင်းညိတ်လိုက်သည်။ အသက်ရူသံပြင်းပြင်းကြောင့်

"သမီးဆေးရုံတက်ရမယ်ထင်တယ်" မြူ ခေါင်းဖြေးဖြေးလေးခါလိုက်သည်။
နောက်ထပ်မျက်ဝန်းနှစ်လွှာပြန်ပိတ်သွားစဉ်။ ဒေါ်သိမ့်သူ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ငိုလိုက်မိတော့သည်။ ၂၃ နှစ်အရွယ်။ သမီးလေးရဲ့ဝေဒနာတွေ။

လှလှ အခန်းထဲဝင်လာသည်။ မနက်လင်းတော့မှာပဲ။ တခုခုတော့လုပ်မှ ရလိမ့်မယ်။

မြူလင်း သက်သာဖို့။ နာရီဝက်ခန့်အကြာ  တော့် ကောင်းကောင်းမွန်မွန်နိူးလာသည်။

အောက်ဆီဂျင် စက်ဖြုတ်လို့ရတဲ့အခြေအနေဆိုပေမယ့်။
ဒေါ်သိမ့်သူ ယနေ့ ဘယ်မှ မသွားတော့ဖို့ဆုံးဖြတ်လိုက်သည်။

တစ်ရက်တော့အချိန်ပေးရမယ်။ မြူလင်း ‌ထထိုင်နိုင်ပေမယ့် မူးနေသည်။

"မေမေ။ ရပါတယ်။ အလုပ်သွားပါ။သမီး အဆင်ပြေပါတယ်"

"ဘာပြေတာလဲ။ မနေ့ညကလို ထပ်ဖြစ်ချင်‌ေသးလို့လား။"

"ဒီနေ့ တော့ မေမေ ဘယ်မှ မသွားဘူး။ သမီစအနားမှာပဲနေမှာ"

မြူလင်းပြုံးလိုက်သည်။အပြုံးလေးတစ်ခုပဲ။

"ထိုင်နိုင်လား။မေမေ။ ထူပေးမယ်" သူမကိုကျောအောက်လက်လျိုပြီး ထထိုင်ဖို့ကူပေးသည်။ ကျောအောက်ကို ခေါင်းအုံးခံပေးရင်း

"အားနည်းနေတော့ နှလုံးရောဂါ ပြန်ထ လာတာဖြစ်မယ်။ ဒါကြောင့်မေမေ ဆေးသွင်းပေးထားတယ်။ ငြိမ်၂လေးနေ။ဟူတ်ပြီလား"

သူမခေါင်းညိတ်လိုက်သည်။

"လှလှ။"

"ဟုတ်ကဲ့"

"ကြက်ပေါင်စခေါက်ဆွဲယူခဲ့။ပြန်နွေးခဲ့အုံးနော်"

"ဟုတ်ကဲ့"

"သမီး လိုတာရှိရင် လှလှကို ပြော။သူအားလုံးလုပ်ပေးလိမ့်မယ်။စိတ်အဖိစီးမခံနဲ့။

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now