Unicode version
🌺ကျွန်တော်ချစ်တဲ့...မ🌺
အပိုင်း-၉
မြူလင်း။ မနက်က သူမအနားရောက်လာတဲ့အမုန်းအကြောင်းေတွးနေမိသည်။ ဝေ ပြောတာနဲ့နည်းနည်းလွဲနေသည်။
ကိုယ့်ကို စိတ်ဝင်စားနေတာကိုသိနေတာကြောင့် ဝေ လဲစိတ်ယိုင်ဖူးတဲ့ လူမလို့။သူမ အရမ်းမျှော်လင့်ထားရဲဘူး။ ကိုယ့်ကိုအကြံနဲ့ချည်းကပ်လာတာလား။
ဒါဆိုရင်တော့ သူမ အတက်နိုင်ဆုံးစိတ်ကိုထိန်းမယ်။ ကိုယ့်အကြောင်းကိုယ်သိတယ်။
ဝေရဲ့ မလိုရင်မလိုသလို ဉပက္ခာပြုတက်တဲ့။ ဒဏ်ကြောင့်။
အလိုလိုက်ပြီးချစ်ခဲ့ပေမယ့် သူမ ရဲ့အာစနည်းချက်က ဉပက္ခာပြုခံရတာပါ။မေမေ့ရှေ့မှာတစ်မျိုး။ သူမနဲ့နှစ်ယောက်ကွယ်ရာမှာဆိုတစ်မျိုး။ ဝေ့ဖေဖေရှိနေတဲ့အချိန်ဆိုရင် သူမ အတွက် အရမ်း ခံရခက်တယ်။
ဝေ သူမနဲ့ အဝေးမှာပဲ နေလိုက်တော့တာကြောင့်ပါ။ ဝေ့ဖေဖေကလဲ အရင်ယောက်ျားရဲ့ကလေးဆိုတာနဲ့။ သူမကို ဘာမှ ထောက်ခံမပေစချင်ဘူး။
မေမေ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ဖို့ကအစတားမြစ်ပိတ်ပင်တယ်။ မေမေခွင့်ပြုလိုက်တဲ့နောက်။ သူမအတွက် တိုက်ခိုက်မူ့ပိုများလာတာပဲ။ဒါပေမယ့် ဝေက ညီမလေး။အပြစ်မမြင်ပေမယ့် ဝေ့ဖေဖေကတော့သူမအတွက်သူစိမ်းပါ။
သူမ နဲ့ ဝေ့အကြားက အကြီးမားဆုံးနှောက်အယှက်။
"မမလင်း။ ဖုန်းလာတယ်" ဟင်။ သူမဖုန်းကိုဖွင့်မကြည့်ပါ။ ဘယ်သူခေါ်ခေါ် မသိဘူး။အခု။ လှလှတွေ့လာတယ်ထင်တယ်။
"ဟူတ်လားယ မေမေလား"
"အိမ်ဖုန်းပဲ။ မမလင်း" သူမ ဖုန်းကိုယူလိုက်သည်။ အိမ်ဖုန်းနံပါတ်။
"ဟဲလို" မေမေလို့မျှော်လင့်ထားပေမယ့် ဝေ ဖြစ်နေသည်။
"အင်းဝေ။ ပြော။ "
"ဖုန်းလား။ မမ မကိုင်ဘူး။ ဒိရောက်ကတည်းက ဧည့်ခန်းစာပွဲပေါ်မှာပဲ ထားတာ။ အသံပိတ်ထားတယ်ထင်တယ်။
ဝေ ဖုန်းဆက်တာ မသိလိုက်ဘူး"
YOU ARE READING
ကျွန်တော်ချစ်တဲ့မ
RomanceTom တစ်ယောက်ရဲ့ကလဲ့စားချေချင်တဲ့စိတ်ထက် တစ်စုံတစ်ယောက်ကို ပိုပြီးအလေးထားလာခဲ့တယ်။ ခက်တာက ကလဲ့စားချေခံရမယ့်သူရဲ့အမ ဖြစ်နေတာပဲ Creative of A Lin kway Ka. Own Creation.