Part 2

2.7K 156 1
                                    

Unicode

"အမုန်းရင့်ရင့်။မင်းနဲ့‌တွဲချင်လို့"
"ဘာ"
"ဖြန်း" လက်ဆွဲနူတ်ဆက်ဖို့ကမ်းလာတဲ့လက်ကို ရိုက်ချသည်။ရိုင်းလိုက်သည် ဖြူဉဉ အမုန်းရဲ့လက်အလေးက ရဲတက်သွားသည်။ဒါပေမာ့်ရီတယ်။

"အဟင်း။ ဆွဲနမ်းချင်အောင်လုပ်နေပြန်ပြီ"

"Wowwww"

ခတ္တာဝေ မျက်နှာနီရဲလာပြီး နူတ်ခမ်းကိုကိုက်ကာ လက်သီးဆုတ်ထားသည်။

"အဲ့လောက်ရှက်မနေပါနဲ့။ မနမ်းပါဘူး။ ငါ့ကိုတွေ့လိုက်ရတော့ အရမ်းများရင်ခုန်သွားလား"

ဆိုတော့ ခတ္တာဝေက သူမကိုဒေါသနဲ့ကြည့်ကာ

တံခါးပေါက်ကိုလက်ညိုးနဲ့ညွှန်ပြီး

"ထွက်သွား.....။ အခု ချက်ချင်း"

အမုန်းရယ်လိုက်သည်။ အမုန်းရဲ့အရပ်မြင့်မြင့်ကို ရှေ့ကို  နည်းနည်းကိုင်း

"ငါ့နာမည်မှတ်ထားနော်။ အမုန်းရင့်ရင့်။ မင်းနဲ့ တွဲချင်လို့ ...ဒီနေ့ အသိလာပေးတာ။ အတန်းထဲမှာရှိတဲ့သူတွေက သက်သေပဲ။

မင်းကိုတခြားအကောင်တွေလိုက်ရဲမလားကြည့်လိုက်။

ငါလိုက်မယ့်သူကိုဘယ်သူမှ ဖြတ်မအုပ်ရဲဘူး။ တက္ကသိုလ် တက်နေချိန်လေး  ငါနဲ့တွဲတာလဲ အရှုံးမရှိပါဘူး။

သေချာစဉ်းစား။ Ok.See you"

လက်ချောင်းလေးများကို မလှုတ်တလှုတိ လုပ်ပြပြီး ထွက်သွားလေရဲ့။

ခတ္တာဝေ ။ ဒေါသကြောင့်လား။ရှက်နေတာကြောင့်လား။ မကွဲ။ မျက်နှစ်ခုလုံးပန်းရောက်ထက်လွန်နေပြီ။

တံခါးနားရောက်သွားတော့

"ကျွန်မ မိန်းမချင်းစိတ်မဝင်စားဘူး" ဆိုတော့အမုန်းဒေါသထွက်သွားမလားပြောလိုက်ပေမည့် သူမကိုရယ်ပြီးလှည့်ကြည့်လာသည်။

"ငါက Tom ။မိန်းမအစစ်ဟုတ်ဘူး။ အားလုံးလက်ခံထားတာ။ မင်းတစ်ယောက်ထဲ ငါ့ကိုမိန်းမလို့မြင်နေလဲ မတက်နိုင်ဘူးပေါ့"

ခတ္တာဝေ ဒေါသကြောင့်လက်သီးတင်းတင်းစုတ်ထားမိသည်။ ဟုတ်တယိ။ မိန်းမနဲ့တစ်စက်ကလေးမှ မတူဘူးယ ယောက်ျားဆန်ဆန်ချောတာ။

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now