Unicode version
🌺ကျွန်တော် ချစ်တဲ့...မ🌺
အပိုင်း-၈
"ဟိုကောင်လေး...မစလာ လာသယ်"
"ဟူတ်...ဟူတ်ကဲ့" အမုန်း သဲဇကာချနေရာက အပြေးထပြီး မစလာဗန်းယူသယ်သည်။
နေ့ဝက်ရှိပြီ။ သို့ပေမယ့် မ ရဲ့အရ်းိပ်အယောငါကိုတောင်မတွေ့ရ။ အစေခံကောင်မလေးပဲရှိနေသည်။
"ဘာလို့မျက်နှာဖုံးထားတာလဲ"
"အသားမဲမှာဆိုးလို့" ပန်းရံခေါင်းဆောင်အမေးကိုချက်ချင်းပြန်ဖြေလိုက်သည်။
"မင်းလို နုနုရွရွလေးက ဘာလို့များ ဒီအလုပ်လုပ်နေမှာလဲ"
သူမရီပြလိုက်သည်။
မစလာ သယ်ပေးလိုက်။သံဇကာချလိုက်နှင့်။ သူ အတော်ပင်ပန်းနေပြီ။ ဘာမှမလုပ်ခဲ့ရတဲ့လက်ကလေးမှာ အရေကြည်ဖုလေးများတန်းစီနေသည်။
"မင်းနေ့လည်စာ ပါလား"
"မပါဘူးခင်ဗျ။ ကျွန်နော် ဒီအနားမှာနေတာ" ဆိုပြီး သူမရဲ့အပေါ်ဝတ်လှမ်းအယူ
"မင်းလက်ကိုကြည့်လိုက်အုံး။ငါသေချာပြောရဲတယ်။ မနက်ဖန် မင်းအလုပ်မဆင်းနိုင်ဘူး"
အမုန်းပြုံးရင်း
"ဆင်းနိုင်ပါတယ်ဗျ"
"အေးပါကွာ"
"လာ။စားနိုင်ရင်ငါတို့နဲ့ အတူတူလာစား။မုန်ငြင်းနဲ့ပဲပုတ်ပဲ"
မစားနိုင်ဘူး။ သူခေါင်းခါမလို့ပဲ
"ဦးလေးတို့ ညစာ စားပြီလား။ ခဏစောင့်ပါလား။ မမလင်း ဟင်းချက်နေတာပြီးတော့မယ်"
အမုန်းမျက်လုံးကချက်ချင်းအရောင်တောက်သွားသည်။
"ဟုတ်ကဲ့။ ဟုတ်ကဲ့"
အမုန်းပြန်ဖို့အစီအစဉ်မရှိတော့ ။ ထို့ကြောင့်
"ဦးလေးတို့ ထမင်းကော လောက်လို့လား"
"လောက်ပါတယ်။ အားလုံးစုလိုက်ရင် ကုန်တောင်မကုန်နိုင်အောင်များတယ်။ အိမ်ရှင်ကလဲမလောက်ရင်ပေးတယ်"
"ဟူတ်လား။ ဒါဆို ကျွန်တော် အိမ်မပြန်ေတာ့ဘူး"
"အေးပေါ့။ အိမ်မပြန်ရင် အလုပ်မြန်မြန်ပြီးတယ်"
YOU ARE READING
ကျွန်တော်ချစ်တဲ့မ
RomanceTom တစ်ယောက်ရဲ့ကလဲ့စားချေချင်တဲ့စိတ်ထက် တစ်စုံတစ်ယောက်ကို ပိုပြီးအလေးထားလာခဲ့တယ်။ ခက်တာက ကလဲ့စားချေခံရမယ့်သူရဲ့အမ ဖြစ်နေတာပဲ Creative of A Lin kway Ka. Own Creation.