Part 3

2.3K 125 0
                                    

Unicode

အမုန်း။မျက်မှောင်ကုတ်ထားသည်။ သူမအရှေ့မှာ ဖေဖေ။ ပြီးတော့ ဖေဖေ့ရဲ့အတွင်းရေးမှူးနှင့် သက်တော်စောင့်တွေ။

သူမအဖေက သူမထက်ကိုမြင့်သေးသည်။

"အမုန်း.."

သူမ အရုပ်လိုအတောင့်လိုက်ရပ်နေလိုက်သည်။

"အိမ်ပြန်မလာသေးဘူးလား။ တစ်နှစ်ကျော်နေပြီ။ "

အမုန်း ပြန်မဖြေ။ ဖေဖေဦးဝင်းလှိုင်က

"သမီးမေမေ နှစ်ပါတ်လည် ရောက်တော့မယ့်။ ဖေဖေတို့ ဆွမ်းကပ်ကြမယ်လေ။ သမီးသဘောမကျဘူးဆိုလို့ ဖေဖေ။ နုနုရီနဲ့လက်ထပ်ဖို့ဖျက်လိုက်ပြီ"

"တခြားလဲ ဘယ်သူ့ကိုမှ ဖေဖေ လက်မထပ်တော့ပါဘူး။ သမီး အိမ်ကိုပြန်လာခဲ့ပါ"

အမုန်းက

"မလာချင်ဘူး"

"ဘာလို့လဲ။ သမီးရဲ့။ ဖေဖေတစ်ယောက်တည်းပဲ နေရတော့မှာလား။ အဲ့လိုမ လုပ်ပါနဲ့"

အမုန်းက

"ကျွန်တော်ပြန်မလာချင်ဘူး။ မေမေ မှ မရှိတော့တာ"

"ဖေဖေရှိနေသေးတယ်လေ။ ဒါကြောင့် ..."

အမုန်းက

"ဘယ်အချိန် ဘယ်မိန်းမကိုအိမ်ခေါ်လာမှန်းမသိတာကို ကျွန်တော်လိုနေသေးလို့လား".

"ဖေဖေကတိပေးတယ်။ ဖေဖေ နောက်ထပ် အိမ်ထောင်မရှိစေရတော့ဘူး"

"အဲ့လိုပြောနေတာ ဘယ်နကြိမ်ရှိပြီလဲ".

"ဒီတစ်ခါတော့ဖေဖေကတိပေးပါတယ်။ နောက်ထပ် မရှိစေရဘူး။ဒီတော့သမီးပြန်လာမယ်မဟူတ်လား"

အမုန်းခေါင်းခါလိုက်သည်။

"ကျွန်တော် အခုလိုနေရတာပျော်တယ်။ ကျွန်တော့်ကိုစိတ်ချမ်းသာစေချင်ရင် အခုလိုလွတ်ထားပေး"

ဖေဖေသက်ပြင်းချသံကိုကြားလိုက်သည်။ သူ့သမီး အလုပ်လုပ်ပြီးကျောင်းတက်နေတာကိုသူသိထားသည်။

တကယ်ကိုခေါင်းမာတဲ့ကလေးပါ။

"ဒါဆို အိမ်တော့ပြန်လာမယ်မဟုတ်လား။ဒီအတိုင်းပဲနေမသွားဘူးမှတ်လား။ဟူတ်တယ်နော်။ ဖေဖေ့ဆီကိုပြန်လာမှာနော်".

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now