Part 13

2K 114 0
                                    

Unicode version

🌺ကျွန်တော်ချစ်တဲ့...မ🌺

အပိုင်း-၁၃
"ဟား.
အရမ်းသတ္တိကောင်းနေပါလား။အမုန်း" သူ နာမည်ကိုဘယ်သောအခါမှမခေါ်ခဲ့သောမ။ အမုန်းပြုံးလိုက်သည်။

"ငါ့ကိုဘာလို့ချစ်တာလဲ။ ငါ့အခြေအနေက လက်ထပ်နိုင်တဲ့အ ‌ေခြအနေမဟုတ်ဘူး။ " အမုန်းက

"ကျွန်တော်တစ်ခုပဲသိတယ်။ မ ကိုချစ်တယ်။ "

"မရဲ့ချို့ယွင်းချက်တွေ အားသာချက်တွေကို ဘယ်တော့မှ မျက်လုံးထဲထည့်မှာ မဟူတ်ဘူး။ ကျွန်တော် မကိုစပြီးရင်ခုန်ခဲ့တာက မရဲ့အလှကြောင့်မဟုတ်ဘူး" မြူလင်းမျက်မှောင်ကုတ်သွားသည်။

အမုန်းက

"မ ရဲ့ကိုယ်သင်းနှံဖြစ်‌ေိတဲ့ နှင်းဆီနံ့" မြူလင်းလက်သီးဆုတ်ထားသည်။ မေမေလဲပြောဖူးတယ်။သူမ နှင်းဆီနံ့ရှိတယ်တဲ့။

သူမကိုဖွင့်ပြောဖူးသူအပေါင်းနဲ့နည်းနည်းလေးမှမတူတဲ့အမုန်း။

"ကျွန်တော်အရိုးသားဆုံးဝန်ခံတယ်။ မရဲ့နှင်းဆီနံ့ကြောင့် ကျွန်တော် ပထမဆုံးရင်ခုန်ခဲ့တာ"

မြူလင်း အသက်မှန်မှန်ရှူရင်း ဘာပြန်ပြောရမလဲ မသိ။
ထို့ကြောင့်အမုန်းက

"ချစ်ပါရစေ။ မ.." မြူလင်းက

"ဒီတော့.."

"မရဲ့အမြင်ကိုသိချင်တယ်။ ကျွန်တော့်ကို ပြန်ချစ်နိုင်မလားဆိုတာကော"

မြူလင်းက

"မင်းကိုစိတ်မဝင်စားဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့။ ငါလိမ်ရတာ သိပ်သဘောမကျဘူး။" အမုန်းမျှော်လင့်တကြီးနဲ့ စောင့်နေသည်။ မြူလင်းနှင်းဆီပန်းစီးကိုယူလိုက်သည်။

အမုန်းမျက်ဝန်းတစ်စုံလင်းလက်သွားတော့

"စောင့်နိုင်လား။ ငါစဉ်းစားဖို့အချိန်အများကြီးလိုတယ်။ ငါ့အခြေအနေနဲ့ ဘယ်သူ့ကိုမှ ရင်ခုန်ခွင့်မရှိဘူးလို့ယူဆထားတယ်။ မင်းစောင့်မလား။" အမုန်းခေါင်းညိတ်လိုက်သည်။

"စောင့်မယ်။ ငါးနှစ်ဖြစ်ဖြစ်။ ဆယ်နှစ်ဖြစ်ဖြစ်။အနှစ်နှစ်ဆယ်ဖြစ်ဖြစ်။ ဒါပေမယ့် ကျွန်တော့်ကို ရတိပျက်ထားခဲ့တာကိုတော့ ကျွန်တော်လက်မခံနိုင်ဘူး။

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now