Part 12

1.9K 118 0
                                    

Unicode version

🌺ကျွန်တော်ချစ်တဲ့...မ🌺

အပိုင်း-၁၂

သီတင်းကျွတ်ည။ဆိုတော့။ ယုဇနသီချင်းပဲ ထွင့်ရမလို။ အတူးနဲ့အသက်ပဲဖွင့်ရမလိုလို။

ဒီနေ့က သီတင်းကျွတ်လပြည့်နေပါ။ မနက်ပိုင်းဘုန်းကြီးကျောင်းသွား။သီလယူပြီး အပြန် မ ရဲ့အိမ်ကို ချက်ချင်းဝင်ခဲ့သည်။

မြူလင်းအိမ်ရှေ့မှာ သူတို့ရောက်နေတော့ အိမ်ထဲကထွက်လာသည်။

ပုဆိုးနဲ့ စတစ်ကော်လံ အင်္ဂျီအဖြူနဲ့ဆိုတော့ ကြည့်လို့ အတော်အဆင်ပြေတော့ သူမကလဲ

"ဒီလိုဆိုတော့လဲ ကြည့်ကောင်းသားပြ" အမုန်းမှိုရတဲ့မျက်နှာ ဖြစ်သွားသည်။ ပြုံးလို့ပေါ့။

"ဒီတော့ဘာစလုပ်မလဲ"  ဝဏ္ဏက

"ကျွန်တော် မီးဆင်မယ်။ ဒီကောင်က ကျွန်တော့်ကိုကူမှာ"
အမုန်းက

"မ တို့ ဘယ်အချိန်လောက် စားဖို့ စီစဉ်မလဲ။ ကျွန်တော်တို့တက်လာခဲ့မယ်။ " ဆိုတော့ မြူလင်းက မပြောတော့ဘူးလုပ်ထားတာ ဒါပေမယ့် သိမှာပဲ မလို့။

"ငါတို့ကက္ကူသွားအုံးမှာ" အမုန်း ဝဏ္ဏကိုလှည့်ကြည့်လိုက်သည်။ လိုက်လြိုရမလားမမေးရဲတာပါ။ ဝဏ္ဏက

"အမ တို့ကားဌားပြီးပြီလား" သူမခေါင်းခါလိုက်သည်။

"မဌားရသေးဘူး" ဆိုတော့ ဝဏ္ဏ သူ့ကိုတချက်လှည့်ကြည့်ပြီး

"ကျွန်တော့်ကားရှိတယ်။ ပြိုင်ကားဖြစ်နေတော့ အိမ်ကတစ်စီးလှမ်းမှာ လိုက်မယ်" မြူလင်းက အမုန်းကိုတချက်အကဲခက်ပြီး။

"ကျွန်မကလဲ ရှင့်နား ကားဌားမလို့ပဲ။ အဆင်ပြေလား။ ဌားခ ဘယ်လောက်လဲ" ဆိုနော့ ဝဏ္ဏက ရပါတ်ယ မေးနဲ့ လို့ပြောမှာ အမုန်းသိတယ်။ တံတောင်နဲ့တွက်ပြီး

"မင်းတို့ဘယ်လောက်ယူလဲ " ဝဏ္ဏ မျက်လုံးပြူးပြီးလှည့်ကြည့်လာတော့ မြူလင်းက

"မင်းကော လိုက်ခဲ့မလား။" ဆိုတော့ အမုန်းက

"အင်းအင်း။လိုက်မယ်။လိုက်မယ်"

မြူလင်းကပဲ။

"ဒါဆို မင်းက ကားခ တစ်ဝက်ခံ" တဲ့။ အမုန်းခေါင်းညိတ်လိုက်သည်။ 

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now