Part 10

2.1K 120 0
                                    

Unicode version

🌺ကျွန်တော် ချစ်တဲ....မ🌺

အပိုင်း-၁၀

မြူလင်း။ အိမ်ပြန်ရောက်လာပြီ။ လှလှကို‌နည်းနည်းလေးမှမေးခဲ့ဘူး။ ဘယ်သူဆေးရြံပြိ့ပေစတာလဲ လို့။ ဘာလို့လဲဆိုတော့ သူမ နိုးတဝက်ဖြစ်နေချိန် အနားက သူနာပြုတချို့ရဲ့စကားကြောင့် ဘယ်သူပို့လဲ သိပြီးပြီ။

မပြောဘဲထားတာက ကျေးဇူးတင်စရာမလိုဘူး။ လှလှ သူမကိုအရိပ်အခြေကြည့်ပြီး။ မပြောပါနဲ့ဆိုတာကို အရမ်းပြောချင်နေသည်။

"လှလှ။ မုန့်သွားချပေးလိုက်အုံး။ကျွန်မ ဟင်းချက်လိုက်အုံးမယ်"

"မမလင်း နေလဲ မကောင်းသေဘဲ နားနေပါ။ ကျွန်မလုပ်လိုက်မယ်"

မြူလင်းက

"ဟင်းတော့ ချက်နိုင်ပါသေးတယ်။ဒီနေ့ နောက်ဆုံးပဲ မဟုတ်လား။ "

"ဟူတ်တယ်။ မမလင်း"

"ဒါဆို ‌‌ငွေကိုအသင့်လုပ်ထားလိုက်။ ကျွန်မ ဒီနေ့ အပြင်ထွက်နိုင်မှာ မဟူတ်တော့ လှလှပဲ စီစဉ်လိုက်"

"ဟုတ်။ မမလင်း" လေတိုက်ခံလို့မရသေးတာကြောင့် သူမ နားရမည်။ မီးဖိုခန်းဆီ သူမ ရောက်လာသည်ယ ရေခဲသေတ္တာဖွင့်ပြီး ငရုပ်ပွ။ ခရမ်စချဉ်သီးာပဲပြားနဲ့။ စိုက်မှုိနည်းနည်း ထုတ်ယူလာသည်။

လှလှပြန်ဝင်လာမှ။

"ကင်းမွန်ဆေးလိုက်။ "

"ဟုတ်။ မမလင်း"

မြူလင်း တုန့်ယန်းဟင်းရည် အတွက် ပြင်ဆင်သည်။ လှလှက သူမကိုတချက်လှည့်ကြည့်ရင်း

"မမလင်း ကို ဘယ်သူဆေးရုံလိုက်ပို့လဲ မသိချင်ဘူးလား"

မြူလင်းကလှည့်ကြည့်ပြီးပြုံးလိုက်သည်။

"သိစရာလိုသေးလို့လား။ အခုပဲပြန်ရောက်နေပြီကို။ထားလိုက်တော့။  "

"ဟူတ်..ဟူတ်ကဲ့" လှလှသက်ပြင်းချလိုက်သည်။
လျှပ်စစ်ဒယ်ထဲ ရေထည့်ပြီး ဟင်းရည်အရင်ချက်သည်။
"ကင်းမွန်ရပြီ။ မမလင်း"

"အင်း။ အရွက်သင်လိုက်။ နေ့လည်အတွက်"

"ဟုတ်"။ သူမတို့ချက်ပြုတ်ပြီးစဉ် မနက်၁၁ နာရီထိုးလုပြီ။

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now