UNICODE
"မ"
မြူလင်းနေ သူမရှေ့ကိုရောက်လာတဲ့ နှင်းဆီပန်းစီးကြောင့် ကြောင်သွားသည်။"ကျွန်တော်တို့ပန်းဆိုင်က ဝယ်နေကျဖောက်သည်တွေကို ပန်းစီးပေးတဲ့အစီအစဉ်ရှိ တယ်။ မ နှင်းဆီကြိုက်မယ်ထင်လို့"
ဆိုတော့ မြူလင်း နားလည်လိုက်သည်။ ပြုံးပြီးခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါနော်။ ဒါနဲ့ ဝေ မရှိဘူး။ သူငယ်ချင်းတွေဆီ စာသွားလုပ်တယ်"
ခတ္တာကိုတွေ့ဖို့မှ မဟုတ်ဘဲ ။မ ရယ်။ အမုန်းက ပြုံးပြီး
"ကျွန်တော်ပန်းလာပို့တာ..."
"ဪဟူတ်သား။ " အမုန်းက
"ကျွန်တော် ပန်းဆိုင်မှာ အလုပ်လုပ်တယ်။ အချိန်ပိုင်းပေါ့။ ညဆို ကော်ဖီဆိုင်မှာ။ကျွန်တော် ကိုယ့်ကျောင်းစရိတ်ကို ရှာနေတာ"
မမေးပဲ ပြောမိနေတာပါ။ သူ့ကိုယ်တိုင်ဘာလုပ်မိနေလဲကိုမသိတာ။ မြူလင်းကပြုံးရင်း
"အရမ်းတော်တာပဲ" ဆိုတော့ အမုန်းနားရွက်တွေနီလာသည်။ ဒီနေ့က သူအတော်ပြင်ဆင်ပြီးမှ ပန်းလာပို့တာ။
မ နဲ့တွေ့ခွင့်ရမလားပေါ့။ ကံကောင်းတယ်။ မ ရှိနေတယ်။
"ကျွန်မရဲ့ ညီမလေးကိုလိုက်နေတာဆို ။ YTU ရဲ့All Queen ကိုအခုလိုတွေ့ရမယ်လို့ မထင်ထားဘူး။တကယ်ကြည့် ကောင်းတာပဲနော်။"
အမုန်းပါးစပ်က ဟစိဟစိနဲ့ ဘာပြောရမလဲမသိ။ လက်ချင်းပွတ်နေမိတာပင်။
ကိုယ့်ရဲ့Crush ရှေ့မှာ ရှိနေတော့ ရင်ခုန်သံတွေက ပရမ်းပတာ။ မ ရဲ့အကြည့်စူးစူးလေးတွေက သူ့ရင်ဘက်ကိုထိမှန်နေသလိုပဲ။
"ကျွန်တော် မ ကို ပန်းလာပေးလို့ရမလား။ အခွင့်ကြံုတိုင်း"
ဆိုတော့ မြူလင်းနေတဲ့ မျက်ခုံးက အနည်းငယ်ကွေ့ချိုးသွားသည်။ ထူးဆန်းတယ်ထင်မှာပဲလေ။ အမုန်း က
"ကျွန်တော်က ပန်းကြိုက်တဲ့ မိန်းကလေးတွေကို ...ဟို။ ...ဘယ်လိုပြောမလဲ။ ဟို..." မြူလင်းစိုက်ကြည့်နေတာကြောင့်သူ အရမ်းထိန်းနေရတာပင်
YOU ARE READING
ကျွန်တော်ချစ်တဲ့မ
RomanceTom တစ်ယောက်ရဲ့ကလဲ့စားချေချင်တဲ့စိတ်ထက် တစ်စုံတစ်ယောက်ကို ပိုပြီးအလေးထားလာခဲ့တယ်။ ခက်တာက ကလဲ့စားချေခံရမယ့်သူရဲ့အမ ဖြစ်နေတာပဲ Creative of A Lin kway Ka. Own Creation.