ep 3

2.9K 159 2
                                        

Zawgyi

ရီပေါ်က သူအစီစဉ်ကို ရှင်းပြနောက်မှာတော့ ရုံးခန်းထဲထွက်လာခဲ့တယ် ပြီးတော့ အခန်းထဲရောက်တော့ စကားပြောနေတဲ့ ရှောင်ကျန့် နဲ့ ယန်ဇီ ဂိပေါ်က ချောင်းဟန့်ပြီး အသံအနေထား ကိုပြင်လိုက်တယ် ပြီးနောက် ဒေါသထွက်နေသလို အသံနဲ့ ရှောင်ကျန့်ကို လှမ်းခေါ်လိုက်တယ်
"ရှောင်ကျန့်!!! ရှောင်ကျန့်!!!"
ရှောင်ကျန့်က ရီပေါ်ကိုလှမ်းကြည့်ပြီး သူ့ကို ကျန့်ကော လို့ခေါ်နေကျ ရီပေါ်လေးက အခု ရှောင်ကျန့်တဲ့ ဘာဖြစ်လို့မလဲ လို့တွေးလိုက်မိတယ်

ရီပေါ်က စိတ်ဆိုးနေဟန်ဖြင့် ရှောင်ကျန့်အနား လျှောက်လာတယ် ပြီးတော့ ရှောင်ကျန့်ရဲ့ လက်ကို ဆွဲပြီး
"လာ ရှောင်ကျန့် မင်းနဲ့ငါ ရှင်းစရာတေရှိတယ် "
"........."
ရှောင်ကျန့်က အူကြောင်ကြောင်ဖြစ်နေပေမဲ့ ဘာမှမပြောဘဲ လိုက်သွားဟန်
ဒီအခြေအနေကိုတွေ့တဲ့ ယန်ဇီက
"ကျန့် ဘယ်သွားဖို့လဲ ရီပေါ် ကျန့်ကို ဘယ်ခေါ်သွားမို့လဲ "
"ဘာလဲ လိုက်ချင်လို့လား ရှင်းစရာ ကိစ္စရှိတယ် လိုက်ချင်ရင်လိုက်ခဲ့ ယောက်ျားလေး အိမ်သာထဲကို"
ယန်ဇီက ဘာမှမပြောနိုင်ဘဲ ကျန်ရစ်ခဲ့တယ်

သန့်စင်ခန်း.....

ရိပေါ်က ရှောင်ကျန့်ကို သန့်စင်ခန်းထဲရောက်တော့ လက်လွန်ပေးလိုက်တယ်
"ကျန့်ကော ကျွန်တော်ပြောစရာရှိတယ်"
ရှောင်ကျန့်က အေးအေးဆေးဆေးဘဲ
"ပြောလေ ရိပေါ်"
"ယန်ဇီ ကိစ္စ"
"ဆက်မပြောနဲ့တော့ ရိပေါ် သူကမိန်းကလေးတစ် ယောက်နော် "
"ကျန့်ကော ကသူ့ကို အလိုဘဲမြင်ပြီး သူ့စကားတေကိုဘဲ ယုံနေတာလား သူ့အကြောင်းမစုံစမ်းတော့ဘူးလား တခြားသူတေ ပြောတဲ့ သူ့အကြောင်းကို နားမထောင်တော့ဘူးလား "
"ရိပေါ် သူက အားနွဲ့ပြီး ဆင်းရဲတဲ့မိန်းကလေး"
"အ့တော့ ကျွန်တော် ၀န်ခံတယ် သူကအားနွဲ့ပြီး ဆင်းရဲတယ်ဆိုတာ "
"သူလို မိန်းကလေးက အခုလိုမလုပ်နိုင်လောက်ဘူး"
"ကောကရော တွေ့နေလို့လားသူကအလိုမလုပ်ဘူး ဆိုတာ "
"........."
"ကောင်းပြီ ယန်ဇီကို စမ်းသတ်ကြတာပေါ့"
"ဘာလိုမျိုး...... "
"ယန်ဇီသာ ကောမြင်သလို မိန်းကလေးဆို ဒီစမ်းသတ်မှုက ဖုန်မှုတ်သာသာဘဲ တကယ်လို့ သူကသာ အားလုံးပြောနေသလိုမိန်းကလေးဆိုရင် သေချာပေါက် ရှုံးနိမ့်လိမ့်မယ်"
"ကော... ကော...... "
"ရတယ် ကောစဉ်းစားပါ မနက်ဖြန် ပြန်ပြောပါ"
ရိပေါ် က လက်သီးကို တင်းတင်းဆုပ်ပြီး ကိုယ့်မျက်နာကို ထိုးလိုက်တယ်
တောက်... တောက်.. (နှာခေါင်းသွေး)
ရှောင်ကျန့် စိုးရိမ်သွားတယ်
"ကောက ကောနဲ့ယန်ဇီ ထိခိုက်မှာကိုစိုးရိမ်နေတာ ဆိုရင် စိုးရိမ်နေစရာမလိုဘူး ကောတို့ထိခိုက်မှာမဟုတ်ဘူး ကောမှတ်ထားပါ ယန်ဇီသာ ကောပြောသလိုဆို ဒါကသူအတွက် ဖုန်မှုတ်သာသာဘဲ သူသာအလိုမဟုတ်ရင် သေချာပေါက်ရှုံးနိမ့်လိမ့်မယ် မနက်ဖြန် ကောလက်ခံတယ် ဆိုရင် ကောကကျွန်တော့်ကို ရန်သူတစ်ယောင်လို ဆက်ဆံပါ ကျွန်တော် အိမ်ပြန်တော့မယ် "
"ဘာဖြစ်လို့လဲ ရိပေါ်"
"ကောသေချာစဉ်းစားပါ"

I believe in you (zhanyi) {Complete}Where stories live. Discover now