Zawgyi
မနက်စောစောမှာ ရိပေါ်နိုးထလာတယ်
ဒီနေ့က ကျောင်းသွားရမှာမို့လို့ သူပြင်ဆင်တယ်
ရှောင်းကျန့်ကလဲ ကျောင်းသွားဖို့ပြင်ပြီး မနက်စာစားကာ ကျောင်းသွားဖို့ ထွက်လာခဲ့တယ်
ကျောင်းမှာ ရှောင်းကျန့်နဲ့ ရိပေါ် မျက်နှာချင်းဆိုင်တွေပေမဲ့ တစ်ယောက်တစ်ဖက် မျက်နှလွှဲကာထွက်သွားခဲ့တယ်
သူတို့နှစ်ယောက်ရဲ့ တင်းမာနေတဲ့ အခြေအနေနဲ့ဆက်ဆံရေး ကိုမြင်တဲ့ ယန်ဇီပျော်နေလေရဲ့
ဒီနေ့ ရိပေါ်အလုပ်လုပ်ရတယ် စတိုခန်းထဲကအလုပ်တွေကို လုပ်ပေးနေတာ ဒါကြောင့်သူနည်းနည်းအလုပ်ရှုပ်နေတယ်
ယန်ဇီက ဒီအတိုင်တော့မနေချင်ဘူး ဒါကြောင့်
တစ်ခုခုကိုကြံစည်တယ်ရှောင်းကျန့်က ရိပေါ်ကို မျက်ခြေမပျက် ခပ်ဝေးဝေးကနေ စောင့်ကြည့်နေတယ် ယန်ဇီက ရိပေါ်ဆီကို ဦးတည်ပြီး လာနေတယ် ရိပေါ်က စတိုခန်းထဲမှာမဟုတ်ဘဲ အခန်းအပြင်မှာ အလုပ်လုပ်နေတယ် ယန်ဇီက ရိပေါ်နားကို လျှောက်လာတယ် လက်ထဲမှာလဲ တစ်စုံတစ်ခုကို ကိုင်ထားတယ် ထိုအရာက 'ကော်' ကိုသူမလက်ထဲမှာ ကိုင်ထားတယ်
ဝမ်မားဒီနေ့ ရိပေါ်ကို အရမ်းအေးတာကြောင့် အကောင်းစား အင်္ကျီကို ၀တ်ဖို့ပြင်ဆင်ပေးထားတယ် တူရကီ ကအရမ်းကို ဈေးကြီးပြီး ဈေးကြီးသလောက် ထူးဆန်းကာ အင်္ကျီအထပ်ထပ် ၀တ်စရာမလိုဘဲ တစ်ထပ်တည်းနဲ့ လုံလောက်တဲ့ အနွေးဓာတ်ကိုပေးနိုင်တယ် အ၀တ်သားက အနည်းငယ်သာ ထူထပ်တယ်
ယန်ဇီက ရိပေါ်နောက်ဘက်ကနေ ထိုကော်ဘူးကို ကိုင်ပြီး တစ်လှမ်းချင်းလျှောက်လာနေတယ် သူမ ဘာတွေကြံစည် နေလဲ ရှောင်းကျန့်မစဉ်းစားတတ်တော့ဘူး
ရိပေါ်မှာ အလုပ်လုပ်နေတာကြောင့် အာရုံမရှိဘူး
ယန်ဇီက ရိပေါ်ရဲ့ နောက်ကျောပေါ်ကို ထိုကော်ရည်တွေ လောင်းချလိုက်တယ် ရိပေါ်ရဲ့ အင်္ကျီမှာပေသွားတယ် အများကြီးပေသွားတယ် ရိပေါ်မသိဘူး ဘာလို့လဲဆိုတော့ ကော်ရည်တွေက အင်္ကျီအတွင်းသားရဲ့ အလည်တောင် မရောက်ဘဲ အပေါ်ဘက်မှာတင် ရှိနေတယ် ရေ သာဆိုရင် စီးကျသွားမယ်ဆိုပေမဲ့ ကော်ဖြစ်နေကြောင့် အင်္ကျီမှာ ကပ်ကျန်နေတယ်
YOU ARE READING
I believe in you (zhanyi) {Complete}
Fanfictionလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...