Zawgyi
"ကော.... ယန်ဇီ.. ကျွန်တော်တို့ဆီလာနေပြီ"
"ဟမ်... ဘယ်လိုလုပ်ကြမလဲ"
"ပုန်းရမှာပေါ့ သူမမြင်နိုင်တဲ့နေရာမှာ ပုန်းရမယ်"
"ဒါဆို...ကောဟိုမှာ သွားပုန်းနေလိုက်မယ်"
ရိပေါ် ကုတင်နောက်က လိုက်ကာအကြီးကြီးကို လက်ညိုးထိုးပြီးပြော
"ကောင်းတယ် သူအဲ့နေဆို မမြင်လောက်ဘူး"
"ကော... သွားတော့မယ်"
"အင်း... မြန်မြန်လေး... သွား"
ရိပေါ်က ရုပ်ကို တည်တည်ထားပြီး အားလုံးကို ပုံမှန်လိုမျိုး ထားထားလိုက်တယ်
ခဏကြာတော့......
ယန်ဇီဝင်လာတယ်......
ယန်ဇီဝင်လာထဲက ရိပေါ်ကို လှောင်သလို အကြည့်မျိုးနဲ့ ကြည့်နေတယ်
ခဏကြာတော့ ယန်ဇီက ကုတင်အနားရောက်လာတယ်
ရိပေါ်ဘက်က စကားစလိုက်တယ်
"နင်ဒီကို ဘာကိစ္စနဲ့လာတာလဲ"
"ငါပျင်းတယ် ဒါကြောင့် ပျော်ရွှင်မှုလာရှာတာ"
"ဟမ်...... "
"ဟုတ်တယ်... ငါပျော်ရွှင်မှုလာရှာတာ ကျန့်က ကျန့်ပါး အန်ကယ်ရှောင်းခေါ်လို့ လိုက်သွားတယ် ဒီမှာမရှိဘူး ငါလုပ်သမျှပြဿနာတွေကို လိုက်ဖြေရှင်းပေးမဲ့သူ မရှိတော့ ငါပျင်းတယ်"
"အဲ့တော့.... "
"အဲ့တော့ နင့်မျက်နှာပေါ်က ဒဏ်ရာတွေက ငါအတွက် ပျော်ရွှင်မှုဘဲ "
"........"
ရိပေါ်ပြန်ပြောချင်ပေမဲ့ ရှောင်းကျန့်ရှိနေတာ ကြောင့် ဘာမှ ပြန်မပြောဘဲနေလိုက်တယ်
လိုက်ကာနောက်က...... ရှောင်းကျန့်တွေးနေတယ်
*ယန်ဇီ... ရိပေါ်ရဲ့ ဒဏ်ရာတွေက မင်းအတွက်ပျော်ရွှင်မှု ဆိုပေမဲ့ ရိပေါ်ရဲ့ ဒဏ်ရာတွေက ငါ..... ငါ့အတွက်တော့ နာကျင်ရတယ် ရိပေါ်မျက်နှာက ဒဏ်ရာတစ်ချက်က ငါနှလုံးသားကို အကြိမ်ကြိမ်နာကျင်စေတယ်
အရမ်းကို အပြစ်ကင်းစင်ပြီး ဖြူစင်တဲ့ မျက်နှာလေး
ရယ်လိုက်တိုင်း မို့တက်လာတဲ့ ပါးဖောင်းဖောင်းလေး
ဖြောင့်စင်းနေတဲ့ နှာတံလေးရဲ့ အဆုံးမှာ လုံးလုံးလေး ဖြစ်နေတဲ့ နှာခေါင်းထိပ်လေး ပွင့်ဖက်ပုံစံ နဲ့ အရမ်းကို ချိုမြိန်တဲ့ နှုတ်ခမ်းလေ ဒါတွေနဲ့ ပုံဖော်ထားတဲ့ မျက်နှာပြင်လေး ကိုမင်းက ဒဏ်ရာတွေနဲ့ ပြည့်နက်စေတယ် မင်း..... မင်းကွာ*
YOU ARE READING
I believe in you (zhanyi) {Complete}
Fiksi Penggemarလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...
