Zawgyi
ရိပေါ်နောက်ကျမှလိုက်လာတယ် စာကြည့်ခန်းထဲ ရောက်တော့ တံခါးဖွင့်ပြီး မျက်လုံးကစားကြည့်တယ် ဘယ်သူမှမရှိပါလား ဆိုပြီး အထဲဝင်တော့
သူ့ကို အထဲမှာရှိနေတဲ့လူကဆွဲပြီး ဗီဒို နှစ်ခုကြားက ပြတင်းပေါက်မရှိတဲ့ နေရာ နံရံမှာ ကပ်လိုက်တယ်
ရုတ်တရက်မို့လို့ ရိပေါ်ညလန့်သွားတယ် ကြည့်လိုက်တော့ ရှောင်းကျန့်မျက်လုံးတွေကိုတွေကို မြင်လိုက်ရတယ်
ရိပေါ်နဲ့ရှောင်းကျန့် အကြည့်ချင်းဆုံပြီး ကြာလာတော့ ရှောင်းကျန့်က ရိပေါ်ရဲ့ ပါးတစ်ဖက်ကို ငုံခဲလိုက်တယ်
ဒီတစ်ခါက ခပ်နာနာလေး ငုံခဲ့တယ် ရှောင်းကျန့်က သူ့ရဲ့ ရှေ့သွားကြီးကြီး နှစ်ခေါင်းကို တစ်ခြားသွားတွေထက် ရိပေါ် ပါးလေးထဲ နှစ်ဝင်စေခဲ့ တယ် ချစ်လို့ထက် အပြစ်ပေး ချင်သလို ကိုက်တယ်
ရိပေါ်မှာ နာပေမဲ့ သဘောတူထားတာကြောင့် မျက်လုံးကို ပိတ်ပြီး ကြိတ်ခံနေတယ် ရှောင်းကျန့် ကိုက်နေရင်းကနေ
မျက်လုံးဖွင့်ကြည့်တော့ သူ့မျက်လုံးတွေရဲ့ရှေ့မှာ မြင်နေတဲ့ ရိပေါ်ရဲ့ မျက်လုံးတွေ ထိုမျက်လုံးတွေမှာ ခိုတွဲနေတဲ့ မျက်ရည်စတစ်ချို့သူကြမ်းကြမ်းတမ်းတမ်းကိုက်မိတယ် သ၀န်တိုစိတ်နဲ့ ကိုက်လိုက်တာ ရိပေါ်နာသွားပြီ
ရှောင်းကျန့်မသိမသာလေး ပါးကိုနမ်းလိုက်တယ် ပြီးတော့ လွတ်ပေးလိုက်ပြီး နူးညံ့တဲ့ လက်ကိုင်ပ၀ာလေးနဲ့ သုတ်ပေးလိုက်တယ်
စိတ်ကိုလျော့ချပြီး ရိပေါ်ကို မေးဖို့ပြင်တယ် အခုထိရိပေါ်ကို
နံရံမှာ ကပ်ပြီး ရှောင်းကျန့်က ရှေ့မှာကွယ်ထားတုန်းပါဘဲရှောင်းကျန့်ကပြောတယ်
"ရိပေါ်... "
"ဗျ... ဗျာ....."
"ကိုယ်သိချင်လို့ညမေးစရာရှိတယ် "
"မေ... မေးလေ... ကျန့်ကော"
"ဟိုတစ်ခါ ကန်တင်းကိုလာတဲ့ ကောင်မလေးက ဘယ်သူလဲ"
"အဲ... အဲ့ဒါကလေ.. နည်းနည်းရှုပ်ထွေးတယ်တယ်"
YOU ARE READING
I believe in you (zhanyi) {Complete}
Fanfictionလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...