Zawgyi
ရှောင်းကျန့်မနက်ရောက်တော့ စောစောစီးစီးထကာ
အားလုံးပြင်ဆင်ပြီး Wang company ကိုလိုက်သွား ဖို့အောက်ဆင်းလာတယ်
ရှောင်းပါးမှာ သူ့သားက အလုပ်ဆိုစိတ်မ၀င်စားတဲ့သူပါ အခုတော့ သူချစ်တဲ့သူအတွက် company ထိလိုက်သွားမယ်ပေါ့လေ ရှောင်းပါးတစ်ခုခုကြံစည်မိတယ် တစ်ချိန်ကျသူ့ company ကိုဆက်ခံဖို့ ရိပေါ်ကဘဲ ကူညီပေးနိုင်မယ်လို့ သူယုံကြည်နေတယ် ရှောင်းပါးက မျိုးဆက်အတွက်မဟုတ်ဘဲ ရှောင်းကျန့်ရဲ့ ကျန်တဲ့ဘ၀မှာ အဆင်ပြေအောင် company ကိုဆက်ခံစေချင်တယ်
ရှောင်းမား ကတော့သူ့သားကိုခြေဖျားတင်မဟုတ်ဘူး လက်ဖျားပါ ခါတယ်
တစ်ခါမှမလုပ်ဖူးတဲ့ အလုပ်တွေကိုပါလိုက်လုပ်နေတယ်
ရှောင်းကျန့် အောက်ဆင်းလာပြီး မနက်စာစားဖို့ ခပ်တည်တည်နဲ့ ၀င်ထိုင်လိုက်တယ်
____________________________
ရိပေါ်မှာ ၀တ်စုံအပြည့်နဲ့ အောက်ဆင်းလာကာ ထမင်းစားဖို့ ၀င်ထိုင်လိုက်တယ် သူ့ပုံစံက လူကြီးပေါက်စလေးအတိုင်း ပင် ဒါပေမဲ့ ဒါကသူပုံမှန်လုပ်နေကြအလုပ်ပင်
မနက်စာစားပြီး ၀မ်ပါးနဲ့အတူ company ကိုထွက်လာခဲ့တယ်
ပုံမှန်အတိုင်း ရောက်တာနဲ့ သူအတွက်ပေးထားတဲ့ ရုံးခန်း အသေးစားလေးမှာ ထိုင်ပြီး အရေးကြီးတဲ့ စာရွက်စာတန်းတွေ ဖိုင်တွေကို လေ့လာနေတယ်
သိသင့်တာတွေကိုလဲ လေ့လာသေးတယ်
10:00လောက်ကျတော့ ရှောင်းပါးနဲ့ရှောင်းကျန့် Wang company ကိုရောက်လာခဲ့တယ်
ရိပေါ်ရုံးခန်းကိုမေးပြီး တန်းလာခဲ့တယ် ရှောင်းကျန့် ငယ်ငယ်က ပေကျင်းလာကတည်းက စောင့်ရှောက်ပေးခဲ့တဲ့ လူယုံယွီပင်းတောင် မနည်းနောက်ကလိုက်လာရတယ်
ရှောင်းကျန့်အခန်းဝ ရောက်တော့အလုပ်စားပွဲမှာ အာရုံစုစိုက် ပြီးအလုပ်လုပ်နေတဲ့ သူ့ရဲ့ မြတ်နိုးရာလေး
ရှောင်းကျန့် တံခါးခေါက်လိုက်တယ်
ဒေါက်~~~ဒေါက်~~~ဒေါက်
အထဲက တည်ငြိမ်တဲ့အသံလေးနဲ့
"၀င်ခဲ့"
YOU ARE READING
I believe in you (zhanyi) {Complete}
Фанфикшнလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...
