Zawgyi
ရှောင်းကျန့်ကတော့ ရိပေါ်ဘေးကင်းသွားပြီမို့လို့ ရင်ထဲပေါ့သွားမိတယ်
အတန်းထဲရောက်တော့ ရှောင်းကျန့်ဆီကိုယန်ဇီအပြေးလာခဲ့ တယ် ပြီးတော့ရှောင်းကျန့်ကို မေးတယ်
"ကျန့်.. ကျန့်.. အဆင်ပြေရဲ့လား"
"ပြေပါတယ် ဘာလို့လဲ"
"တစ်ခုခုထူးဆန်းတာ မရှိဘူးလား"
"အမ်... ရှိတယ် အတန်းထဲမ၀င်ခင် ထူးထူးဆန်းဆန်း. လူတစ်ယောက် ငါ့ကိုတိုက်ပြီးသွားလိုက်တယ် ငါမပြုတ်ကျတာ ကံကောင်းတယ် "
ယန်ဇီယုံအောင် ရှောင်းကျန့် ဇာတ်လမ်းထွင်ပြီးပြောလိုက် တယ်
"ဟင်... ဟုတ်လား... ဘယ်လိုလူမျိုးလဲတွေလိုက်လား"
"မတွေ့လိုက်ဘူး တိုက်ပြီး မတွေ့ရတော့ဘူး ဘာလို့လဲ"
"အမ်.. ဟို. ဘာမှမဟုတ်ပါဘူး အရေးမကြီးဘူး"
"အင်း..... "
ယန်ဇီက ထိုင်မရထမရ ရှောင်းကျန့်ကတော့ ဘာမှမပြောဘဲ မနက်ထဲကစကားတောင်မပြောဖြစ်သေးတဲ့ ချစ်ရသူလေးမျက်နှာကို သာငေးကြည့်နေတယ်
ရိပေါ်က သူ့ကိုတစ်ယောက်ယောက်ကြည့်နေတယ်လို့ စိတ်ထဲထင်နေပြီး စိတ်ထဲ ရှက်သလိုခံစားလိုက်ရတယ်
နေ့လည်စားစားပြီး ပထမဆုံး စာသင်ချိန်ပြီးတော့ ဂျူတီဝင်တဲ့ ဆရာမတစ်ယောက်က အလုပ်သမားမလာလို့ ရိပေါ်နဲ့ရှောင်းကျန့်ကို အလုပ်ခိုင်းဖို့ခေါ်တယ် နှစ်ယောက်လုံး လိုက်လာတယ် ရှောင်းကျန့်ကပြောတယ်
"ရိပေါ်"
"ဟင်"
"ဒီနေ့ ကိုယ့်အိမ်ကိုလာပါလား"
"ဟမ်... "
"ကိုယ့်အိမ်လာခဲ့လို့"
"တစ်ကယ်ခေါ်တာလား"
"ဟုတ်တယ်"
"ဒါဆို မားကိုပြောပြီး လာခဲ့မယ်"
"OK "
နှစ်ယောက်လုံး အလုပ်လုပ်ကြတယ်
အလုပ်လုပ်ပြီး အိမ်ပြန်တဲ့အထိ စကားမပြောဖြစ်ကြဘူး
YOU ARE READING
I believe in you (zhanyi) {Complete}
Fanfictionလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...
