Ep 21

1K 73 33
                                        

Zawgyi

"မင်းကယောက်ျားစစ်စစ်ဆို ယောက်ျားချင်းပြိုင်လေ ဘာလို့မိန်းကလေးကို နိုင်ကျင့်တာလဲ"

ရိပေါ်က ရှောင်းကျန့်ကိုလှောင်သလိုအကြည့်နဲ့ကြည့်ပြီး

"အဟက်.. ငါကဘယ်သူ့ကိုဘာလုပ်လို့လဲ"

"ဘာမင်းက.. လုပ်တုန်းကလုပ်ပြီး မ၀န်ခံချင်ဘူးပေါ့"

"အဟက်..ငါမလုပ်တာကို ဘာလို့ဝင်ခံရမှာလဲ"

"တောက်စ်"

"အော် ပြီးတော့ မင်းပြောချင်တာ ငါကယန်ဇီကို အနိုင်ကျင့်လို့ပြောချင်တာလား "

"မင်း.. မဟုတ်လို့လား"

"အော်.. မင်းမဟုတ်လို့လားတဲ့ အဟက် ငါမေးပါရစေအုန်း
မင်းပြောတော့ ငါကယန်ဇီကို အနိုင်ကျင့်တယ်ဆို ဒါဆို မင်း ယန်ဇီ မင်းဖြေလေ ငါဘယ်လိုမျိုးအနိုင်ကျင့်ခဲ့တာလဲ ဖြေလေ ပြောတော့ ငါကအနိုင်ကျင့်တယ်ဆို ငါကျဘယ်လိုအနိုင်ကျင့်တယ်ဆိုတာ ဘာလို့မသိရတာလဲ
ယန်ဇီ.. မင်းဖြေလေ"
(တော်တယ် ရိပေါ် အဲ့ကောင်မကို ပြောပစ်)

"နင်.. နင်.. နင်မဟုတ်.. မဟုတ်တာတွေလျှောက်မပြောနဲ့
နင်.. နင့်ဘာသာ.. နင့်ဘာသာကိုယ်လွတ်ရုန်းချင်လို့ လျှောက်ပြောနေတာ.. ကျန့်.. ကျန့်သူပြောတာမယုံနဲ့ နော်
သူပြောတာမယုံနဲ့"

"အဟက်.. စိတ်ပူသွားလား.. နင်ကငါမေးတာမဖြေဘဲ ဘာတွေကယောင်ကတန်း လျှောက်ပြောနေတာလဲ"

"နင်.. နင်... "

"အဟက်.. ဘာမှဆက်မပြောနိုင်ဘူးမလား"

"၀မ်ရိပေါ်.. ငါမင်းကို ဒီနေ့မင်းရဲ့ ဒဏ်ရာတွေကြောင့် လွတ်လိုက်မယ် မင်းအေးဆေးနေလိုက်"

"ရှောင်းကျန့်.. ရှောင်းကျန့်.. မင်းယန်ဇီကို အရမ်းယုံနေတာ တစ်ချိန်ချိန်မှာ မင်းနောက်ကျောကို ဓားနဲ့ထိုးမှာကို မင်းမကြောက်ဘူးလား ရှောင်းရှောင်ကျန့် လောကကြီးက မင်းထင်သလောက်မရိုးရှင်းဘူး ရှောင်းကျန့်
အရာအားလုံးကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး
အပေါ်ရံ ကြည့်ပြီး ဆုံးဖြတ်ကြ ကြေးဆိုရင် ဒူးရင်းသီးက လူတွေရဲ့ စားစရာဖြစ်လာမှာမဟုတ်ဘူး မင်းသေချာမှတ်ထားပါ"

I believe in you (zhanyi) {Complete}Where stories live. Discover now