Zawgyi
လေးယောက်သားအိမ်ထဲရောက်တော့ ဟိုက်ခွမ်းက သူအခန်းသူပြန်ပြီး ရှန်းယူက သူလာတိုင်း အမြဲနေလေ့ရှိတဲ့ အခန်း ထဲဝင်သွားတယ် ရိပေါ်က မီးဖိုချောင်ထဲဝင်ပြီး ၀မ်မားနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်တယ် ရှောင်ကျန့်ကတော့ ရိပေါ်နောက်ကလိုက်ပြီး လုပ်သမျှကို လိုက်ကြည့်နေတယ်
ရိပေါ်က မားနဲ့ ညနေစာချက်ပြီး စောင့်နေတယ်
ဟိုက်ခွမ်း၊ရှန်းယူ၊၀မ်ပါး၊ရှောင်ပါး၊၀မ်မား၊ရှောင်းကျန့်နဲ့ ရိပေါ်တို့ နေရာမှာဝင်ထိုင်ကြတယ်
"ဝါး~~~မွှေနေတာဘဲ သားဝမ်က အံ့မခန်းဘဲကွာ "
(ရှောင်းပါး)
"ဟီး ဟီး မြည်းကြည့်ပြီးမှပါ အန်ကယ်ရှောင်း "
ဒီလိုနဲ့ အရသာရှိလွန်းတဲ့ ရိပေါ်ရဲ့ ဟင်းချက် လက်ရာကြောင့် ရှောင်းကျန့်လို အစားနည်းတဲ့သူက အများကြီးစားမိတယ်
သားဖြစ်သူရဲ့ ပြောင်းလဲမှုကို ရှောင်ပါးတယ်ယောက် အံ့ဩ မိတယ်
"အရမ်းကောင်းတယ် ရိပေါ် ကောစားချင်နေတာကြာပြီ ရိပေါ်ပင်ပန်းမှာဆိုးလို့ မပြောတာ"(ရှန်းယူ)
"မြောက်ပင့်လွန်းနေပါပြီဗျာ ရှန်းကောရာ"
"သားဝမ်က ဘက်စုံတော်တဲ့ ကလေးလေးဘဲ "(ရှောင်းပါး)
ဟုပြောကာ ပါးလေးကိုဖွဖွလေးဆွဲလိုက်တယ်
ဒါကိုဘေးနားက ရှောင်းကျန့်က
"ပါး ဖြေးဖြေး ရိပေါ်နာသွားမယ်"
"ကျွန်တော် အဆင်ပြေပါတယ် ကျန့်ကော"
*ကျန့်ကောက ကြင်နာသနားပြီး စိတ်ထားကောင်းလိုက်တာ
အေးပေါ့လေ ကောမှာ အလိုစိတ်ကောင်းရှိလို့ ယန်ဇီလို လူမျိုးကိုလူကောင်းလို့ထင်တာပေါ့ ဟင်း*
"ကဲ သားဝမ် အန်ကယ်တို့ ပြန်လိုက်အုန်းမယ် နောက်ကျနေပြီ "
"ဟုတ်ကဲ့ အန်ကယ်ရှောင်း နောက်လည်း မကြာ မကြာ လာလည်နော်"
"အေးပါကွယ် ဒါဆို သွားတော့မယ် နော်"
"အားလုံးကို ကျွန်တော်ရှောင်းကျန့် နှုတ်ဆက်ပါတယ်"
"ဂရုစိုက်ပြီးပြန်ပါ အန်ကယ်ဝမ်"
အားလုံးက လက်ပြနှုတ်ဆက်ကာ အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်
YOU ARE READING
I believe in you (zhanyi) {Complete}
Fiksi Penggemarလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...
