Zawgyi
ရှောင်းကျန့် ချော်လဲသွားတယ်
~~ ဘုန်း... ~~
ဆိုတဲ့အသံနဲ့အတူ ရှောင်းကျန့်က ရိပေါ်ကိုယ်ပေါ်ကို ပြုတ်ကျပြီး နှစ်ယောက်သား ထပ်လျက်ဖြစ်သွားတယ်
ကြည့်နေကြတဲ့ ပါးပါး နှစ်ယောက်က မျက်လုံးပြူးသွားကြ တယ် မျက်လုံးပြူးရတဲ့အကြောင်းအရင်းကတော့ ထပ်လျက်ဖြစ်နေတဲ့အပြင် နှုတ်ခမ်းချင်းထဲ ထိကပ်နေတယ်
ချော်လဲ တာကိုမသိတဲ့သူဆိုရင် ရှောင်းကျန့်က ရိပေါ်ကို အုပ်မိုးပြီး အနမ်းပေးနေတယ်လို့ ထင်ကြလိမ့်မယ်
ပိုဆိုးတာက နှစ်ယောက်သား သတိလက်လွှတ်ဖြစ်ကာ ပြန်မထကြသေးတာပါဘဲ နှစ်ယောက်သား အကြည့်ချင်း ဆုံပြီး ရိပေါ်က ခဏလေးအတွင်း ဖြစ်ပျက်ခဲ့တာတွေ အတွက် ကြောင်အနေ သလောက် ရှောင်းကျန့်ကတော့ ရိပေါ်ရဲ့ ပွင့်ဖက်ပုံစံ အိစိစိ ဂျယ်လီနှုတ်ခမ်း ရဲရဲလေးကို အရသာခံ ပြီးစားသုံးနေလေရဲ့
မကြာလိုက်ပါဘူး ရိပေါ်သတိပြန်ဝင်လာလေရဲ့ မကြာတာ တော့မဟုတ်ဘူး ခဏတော့ကြာတယ် ရိပေါ်သတိပြန်ဝင်လာ တော့ ရှောင်းကျန့် ရင်ဘက်ကို တွန်းနေလေရဲ့
ရှောင်းကျန့်မှာ အိစိစိ ဂျယ်လီနှုတ်ခမ်း ရဲရဲလေးကို မလွှတ်ချင် ပေမဲ့ ရိပေါ်စိတ်ဆိုးမှာဆိုးလို့ လွှတ်ပေးလိုက် တယ် ပြီးတော့ သူလည်း ရိပေါ်ရဲ့ ကိုယ်ပေါ်ကနေ အမြန်ဆင်းသွားလိုက်တယ်
ရှောင်းကျန့်မှာ ပြာပြာသလဲ ရှင်းပြရတော့တယ်
"ရိပေါ် ကိုယ်တမင်လုပ်တာမဟုတ်ဘူး ချော်လဲသွားတာ .... ကောတောင်းပန်ပါတယ်...ကော.. မရည်ရွယ်ပါဘူး..
ချော်လဲသွားတာ"
"ရ.. ရတယ် ...မတော်တဆ ချော်လဲသွားတာဘဲ ..အင်း.. ချော်လဲတာ.. ခဏ.. ခွင့်ပြုပါ.. သန့်စင်ခန်းသွားမလို့"
"အင်း... "
ဟိုမြင်ကွင်းကိုမြင်တဲ့ ပါးပါးနှစ်ယောက်က မျက်လုံးပြူး မျက်စံပြူးနဲ့ အံ့ဩလို့မဆုံးဖြစ်နေချိန် ၀မ်မား ၀င်လာတယ်
"ရှင်တို့ ဘာဖြစ်နေကြတာလဲ.. "
"......"
"......"
"အော် ဘာဖြစ်နေကြတာလဲလို့ "
ဝမ်ပါးက တုံ့ပြန်စကားပြန်မပြောဘဲ ကွန်ပြူတာကို အနောက်ပြန် ရစ်ပြီးပြလိုက်တယ်
YOU ARE READING
I believe in you (zhanyi) {Complete}
Fanfictionလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...
