Ep 23.1

970 61 15
                                    

Zawgyi

ရှောင်းကျန့်လာရင်းနဲ့ ဟော.. တွေ့ပြီ သူ့ရဲ့မြတ်နိုးရာလေး ရိပေါ်လေးကိုပေါ့

တွေ့တွေ့ချင်းဘဲ ရှောင်းကျန့်က ရိပေါ်ကို ကြည့်ပြီး တံတွေးမျိုချမိတယ် ~ဂလု~

(ဘာဖြစ်လို့ပါလိမ့် 🤔)

ရိပေါ်က အပင်ရေလောင်းနေတယ် ရိပေါ်ရဲ့ပုံစံက ရှောင်းကျန့် အတွက်ငေးကြည့်စရာဖြစ်ပြီး နှာဘူးတွေအတွက် ငမ်းစရာပေါ့ 😝

ရိပေါ်က ဆံပင်နည်းနည်းကို အနောက်မှာ ကြက်တောင်စည်း ထားပြီး အပင်ရေလောင်းနေတာကြောင့် အင်္ကျီအရှေ့ပိုင်းက အနည်းငယ်ဆိုကာ ဗိုက်သားရှပ်ရှပ်လေးမှာ သွားကပ်နေ တယ် ရေစိုမှာ ဆိုးလို့ထင်တယ် ဒူးလောက်သားရှိတဲ့ အနက်ရောင်ဘောင်းဘီတိုကို ၀တ်ဆင်ထားတယ်

ရိပေါ်က နေရောင်ဖျော့ဖျော့လေးအောက်မှာ အရမ်းလှပနေတယ် အသားကလဲ ဖြူတော့ အလှကိုပိုပြီး ထင်ပေါ်စေတာအမှန်ပင်။

ရှောင်းကျန့် ရိပေါ်အလှကို ကြည့်နေရင်းကနေ တစ်ခုခုကို အလိုမကျတဲ့အကြည့်တွေအဖြစ်ပြောင်းလဲသွားတယ်
အဲ့အကြည့်တွေက ရိပေါ်ကိုမဟုတ်ဘဲ တစ်ခြားနေရာကို ကြည့်နေတာ

ဘာကိုကြည့်နေတာပါလိမ့် 🤔

ရှောင်းကျန့်ကြည့်နေတာက

ခြံဝန်းကြီးကို ကာထားတဲ့ နံရံကို တွယ်ပြီး ရိပေါ်ကို ငမ်းနေတဲ့ ကောင်လေးသုံးယောက် 

ရှောင်းကျန့် တော်တော်အလိုအကျဖြစ်နေမိတယ်
သ၀န်တိုနေတာ တစ်နည်းအားဖြင့် ပြောရရင် ဂျယ်လီနင်နေတာ အတုံးလိုက်အတစ်လိုက်နင်နေတာ 

အဲ့ဒါနဲ့ရှောင်းကျန့် အပေါ် အင်္ကျီကိုချွတ်ပြီး ရိပေါ်အနားကို သွားတယ် အင်္ကျီဝတ်ပေးသလိုနဲ့ အနောက်ကနေ သိုင်းဖက်ထားတယ်

ရိပေါ်က ရုတ်ရက်ကြီးမို့လို့ လန့်ပြီး ရေပိုက်ပိတ်အောက်ချကာ အနောက်ကို
လှည့်ကြည့်လိုက်တော့

"အာ.. ကျန့်ကော"

"အင်း.. ကိုယ်ပါ"

"ဘယ်တုန်းကရောက်နေတာလဲ"

"အခုလေးတင်ဘဲ ရိပေါ်"

"အင်း ကော"

"ဒါနဲ့ ရိပေါ် ဒီလောက်အေးနေတာကို ဘာလို့ရေလောင်း နေတာလဲ "

I believe in you (zhanyi) {Complete}Where stories live. Discover now