Ep5

2.2K 126 9
                                    

Zawgyi

ရှောင်ပါး ၊ရှောင်မား နဲ့ ဝမ်ပါး ၊ဝမ်မားတို့က နားလည်ဟန် 

"ဒါပေမဲ့ သားထိခိုက်လိမ့်နော် အန်တီကတော့......"

ရှောင်းမားကမလုပ်စေချင်တဲ့ပုံစံဖြစ်နေတာကြောင့်

"အန်တီရှောင်း ကျွန်တော် အဆင်ပြေတယ်"

ဝမ်မားက

ု"သားအဆင်ပြေတာသေချာလား"

"ကျွန်တော်သေချာတယ် ပြီးတော့ ကျွန်တော့်အရှေ့ မှာ ယောက်ျားလေးတစ်ယောက်ကို ဘာမဟုတ်တဲ့ မိန်းကလေးတစ်ယောက် လှည့်စားမှာကို သားကြည့်မနေနိုင်ဘူး ပြီးတော့ သူကလည်း ကျန့်ကောဖြစ်နေတာ သားအဆင်ပြေပါတယ် "

"ပါး သားရဲ့စိတ်ဓာတ်ကို သဘောကျတယ် သားအဆင်ပြေရင်ပါးလက်ခံတယ်"

"သားဝမ်လိုအပ်တာတေကို အန်ကယ်လုပ်ပေးပါ့မယ် သားဝမ်ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော် "

"ဟုတ်ကဲ့ အန်ကယ်  ပြီးတော့ ပါး ကောနဲ့ ရှန်းကော ကိုလည်း ပြောပြထားလိုက်နော်ပါး သားက ဖန်ရှင်းကိုပြောပြထားမယ် ဖြေရှင်းလို့မရတဲ့ အခြေအနေဆို သူကူညီမှဖြစ်မှာမို့ပါ "

"အေးပါ သား ပါးပြောထားလိုက်မယ် "

"ဒါဆို ခွင့်ပြုပါအုန်း မားကျွန်တော် ရေချိုးတော့မယ်"

"အေးအေးသားလေး အရမ်းမကြာစေနဲ့နော်"

ရိပေါ်အခန်းထဲရောက်တော့ လွယ်အိတ်ချကာ အိပ်ရောပေါ် ပစ်လဲလိုက်တယ် ပြီးတော့ ရိပေါ် တွေးနေခဲ့တယ်

"ယန်ဇီက တစ်ကယ်ဘဲ ကျန့်ကောကို သူ့ပြဿနာတေဖြေရှင်းဖို့ဘဲ ခဏတာ လှည့်စားနေတာလား ဒါမှမဟုတ်  ယန်ဇီနဲ့ကျန့်ကောက အသက် ၁၈နှစ်ပြည့်ပြီဆိုတော် မဟုတ်မှလွဲရော............... "

ရိပေါ်တွေးနေတာကို ရပ်ပြီး ယန်ဇီအကြောင်း ဒီထက်ပိုပြီး စုံစမ်းဖို့ကိုသာ ဆုံးဖြတ်လိုက်တယ်
ရေချိုးပြီး ရိပေါ် ဖန်ရှင်းကို ဖုန်းခေါ်လိုက်တယ်  ဖန်ရှင်း ကဒီနေ့ ကျောင်းမလာတာကြောင့် တွေ့ဖို့အဆင်ပြေတာပေါ့

တူ~~~~တူ~~~~တူ~~~~~

"ဟယ်လို..... ဖန်ရှင်းငါပါ "

I believe in you (zhanyi) {Complete}Where stories live. Discover now