Unicode
နောက်တစ်နေ့မနက် ☀️☀️
ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် ကကျောင်းကို စောစောလာကြတယ် အစပိုင်းကတော့ နှစ်ယောက်လုံးကတည်တည်ငြိမ်ငြိမ်ပါဘဲ ဒါပေမဲ့ စာသင်ချိန်သုံးချိန်လောက်အပြီး အားလပ်ချိန်မှာ စာကြည့်တိုက် မှူးက စာအုပ်တချို့ရှင်းပေးနိုင်မလားလို့ မေးပြီး အကူအညီတောင်းတော့ သူတို့လဲလက်ခံ
လိုက်တယ် တခြားမဟုတ်ပါဘူး နှစ်ယောက် တည်းအတူရှိနေချင်တာလဲပါတယ်(သူတို့နှစ်ယောက် ချိန်းတွေ့ကြတော့မယ် 🥰
သွားချောင်းမလို့ 🌚 လိုက်ကြအုန်းမလား)သူတို့နှစ်ယောက်က စာကြည့်တိုက်ကိုလာကြ တယ်
စာကြည့်တိုက် မှူးက တာဝန်ကိုယ်စီခွဲပေးခဲ့ ပြီးထွက်သွားတယ် သူတို့က တာဝန်ပေးထား တဲ့အတိုင်း လုပ်ကြပြီး ရိပေါ်ကအရင်ပြီးသွား ခဲ့တယ် ရှောင်းကျန့်ကို ကူညီမလို့ကို မလုပ်ခိုင်းတာကြောင့် ပြတင်းပေါက်နားမှာ သွားရပ်နေတယ်
ခဏအကြာ🕛
ရှောင်းကျန့်က အလုပ်ပြီးတော့ ရိပေါ်ဆီကို တိုးတိုးလေးသွားပြီး အနောက်ကနေဖက်ထား လိုက်တယ် ရိပေါ်ကလဲ ရှောင်းကျန့်ပြန် မှီထားပြီး သိုင်းဖက်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်တွေကို အပေါ်ကနေကိုင်ထားတယ်
ထို့နောက် ဖက်ထားရင်းစကားပြောလာတဲ့ စကားက
"တောင်းပန်ပါတယ် ကိုယ်သာနည်းနည်းလေးဖြစ်ဖြစ်သတ္တိရှိခဲ့ရင် ရိပေါ်ကို ဒီထက်ပိုပို ပြီးဖက်ထားနိုင်မှာ"
"မဟုတ်တာ ကျန့်ကောရယ် ဘာပဲဖြစ်ဖြစ် နည်းနည်းလေးနောက်ကျပေမဲ့ သတ္တိရှိခဲ့ပါ
တယ် ""ကိုယ့်ကို နားလည်ပေးလို့ကျေးဇူးပါ"
"ကျန့်ကောကတော့လေ ဘာမှမတွေးဘဲ နေကြရအောင်လားဗျာ"
"ကောင်းပါပြီ မင်းလေးသဘော"
ရှောင်းကျန့်က ခဏဖက်ထားပြီးနောက် မှာတော့ အနောက်ကနေဖက်ထားရင်း ရိပေါ်ရဲ့ ဘယ်ဘက်လက်ကလက်ချောင်းတွေကိုရှောင်းကျန့်ရဲ့ ညာဘက်လက်က လက်ချောင်းတွေဟာ တွယ်ယှက်ပြီး စုပ်ကိုင် ထားတယ်
YOU ARE READING
I believe in you (zhanyi) {Complete}
Fanfictionလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...