Zawgyi
ကျင်းလင်တို့ထွက်သွားလိုက်တော့ ရှောင်းကျန့်က တံခါးကိုလော့ချလိုက်တယ် ပြန်လှည့်လာတော့ ရိပေါ်က အိပ်နေရာက ထပြီး ကုတင်ပေါ်က ဆင်းဖို့လုပ်နေတာကြောင့် ရှောင်းကျန့်က ရိပေါ်ဆီ အမြန်ပြေးလာလိုက်တယ်
"ရိပေါ်ကလည်း လှဲနေရောပေါ့ ဘာလို့ထလာတာလဲ "
"မဟုတ်ပါဘူးကောရယ် ကျွန်တော့်က မျက်နှာ မှာနှစ်ချက် သုံးချက်လောက်ပဲ ထိုးခံရတာကို ကျင်းလင်တို့က ရေးကြီးခွင်ကျယ်လုပ်ပြီး ကုတင်ကကိုမဆင်းခိုင်ဘူး ရွမ်းလု ကျဲနဲ့ လိရင်ကျဲ ကလည်း ဆရာမနဲ့ လိုက်သွားလို့ လာကြည့်နိုင်ဘူး အာ့တာကိုခဏခဏ ဖုန်းခေါ်ပြီး နေလို့ထိုင်လို့ အဆင်ပြေရဲ့လားလို့ မေးနေတယ်လေ "
"ရိပေါ်ကရော အဆင်ပြေနေလို့လား "
"အမ်"
"ကယ်ပါ ဘယ်သွားချင်လို့လဲ"
"ပြတင်းပေါက်နားမှာ လေကောင်းလေသန့်ရှူရင်း ရပ်နေချင်လို့"
"ကောင်းပြီ... လာ"
"အမ်...."
"တွဲပေးမယ်"
"ကျွန်တော်အဆင်ပြေ..... ကောင်းပြီ ကောင်းပြီ"
ရှောင်းကျန့်ရဲ့အကြည့်ကြောင့် ရိပေါ် စကားကိုပြင်ပြီး ဆက်မငြင်းနေတော့ဘဲ လက်ခံလိုက်တယ်
"အ..... "
ရိပေါ် ကုတင်ပေါ်မှာလှဲနေတာ ကြာပြီဖြစ်တာကြောင့် ရုတ်တရုက် မတ်တက်ရပ်လိုက်တာကြောင့် လှဲကျမလိုဖြစ် သွားတယ်
ရိပေါ်မှာ နာကျင်မှုခံစားရတော့မှာဖြစ်တာကြောင့် မျက်လုံးကို စုံမှိတ်ပြီး >_< နေပေမဲ့ သူသိလိုက်ရတာက နာကျင်မှုမခံစားရဘဲ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်က သူ့ကို နာကျင်မှုကနေ လွတ်မြောက်စေလိုက်တယ်
မျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်ခွင် ကျယ်တစ်ခုကိုအရင် မြင်တွေ့လိုက်ရတယ် တစ်ဖြေးဖြေး အပေါ်ကို ကြည့်လိုက်တော့ ဖက်တွယ်ချင်စရာ လည်တိုင်တစ်ခု ထပ်တက်လိုက်တော့ မဲ့နက်လေးတစ်ခု ထပ်တက်ပြီး ကြည့်လိုက်တော့ ဆွဲဆောင်မှုရှိလှတဲ့ နှုတ်ခမ်းတစ်စုံ အဲ့နှုတ်ခမ်းက အနည်းငယ်ဟနေတာကြောင့် ဟနေတဲ့နေရာကနေ အနည်းငယ်မြင်နေရတဲ့ သွားခက်ကြီးကြီး နှစ်ချောင်း ထက်တက်လိုက်တော့ စိုးရိမ်မှုတွေပြည့်နက်နေတဲ့ မျက်ဝန်းတစ်စုံ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ဘေးကဘယ်အရာကိုမှ သတိမထားဘဲ သတိလက်လွှတ်ဖြစ်ကာ ငေးကြည့်နေမိတယ်
YOU ARE READING
I believe in you (zhanyi) {Complete}
Fanfictionလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...