Zawgyi
ရှောင်ကျန့်ခဏနေတော့ သန့်စင်ခန်းက ထွက်လာတယ်
ရိပေါ်က
"ဟို ကော အသံသွင်းခဲ့လား"
ရှောင်ကျန့်က ရိပေါ်ဘေးဝင်ထိုင်ပြီး
"ရိပေါ်သွားပြီနောက်ပိုင်း ယန်ဇီက ကိုယ့်အနားကို တစ်ခါဘဲလာတယ် တစ်နေ့လုံး အဲ့တခါဘဲစကားပြောတာ"
"ဘာပြောတာလဲဆိုတာကို သွင်းခဲ့လား"
"အင်း ဒီမှာလေ ရော့ "
ရိပေါ်ဖွင့်ကြည့်လိုက်တော့
((( "ရိပေါ်နဲ့ ရန်ဖြစ်တာလား ကျန့် "
"အင်း နည်းနည်းပါ"
"ကျန့် ကျန့်ကအကြီးနော် သူကလန်
ကဆန်လုပ်ရင်ဆုံးမပစ်လိုက်"
"ဟမ်"
"မဟုတ်ဘူးလေ ကျန့်
ဇီပြောတာက ဆုံးမသင့်တယ်လို့ ပြောတာ"
"................"
ခဏအကြာ
"ကျန့် ဇီ လုပ်စရာရှိလို့သွားလိုက်အုံးမယ်")))
ရိပေါ်တစ်ချက်ပြုံးလိုက်တယ် ဘာလို့လဲဆိုတော့ သူထင်ထားသလို ဖြစ်လာတယ်လေ
ရှောင်ကျန့်က
"သူကောကို ထူးထူးဆန်းဆန်းတေပြောနေတယ်"
"ကော ကျွန်တော် ကောကို နှိုင်းယှဉ်ပြမယ် စိတ်ရင်းမှန်နဲ့ အတုအရောင်"
ရိပေါ်ပြောပြီးတာနဲ့ ဖုန်းဝင်လာတယ်
"ပြောလိုတောင်မဆုံးသေးဘူး"
ရိပေါ်ဖုန်းကိုင်လိုက်ပြီး စပီကာဖွင့်လိုက်တယ် ရှောင်ကျန့်ကို တိုးတိုးလေး သေချာနားထောင်လို့ပြောလိုက်တယ်
"ဟယ်လို ဝေ ဖန်ရှင်း"
"ဟျောင့် ရိပေါ် မင်းရှောင်ကျန့်နဲ့ ရန်ဖြစ်သေးလား"
"အင်း နည်းနည်းပါ "
"ဟာ~~~~~မင်းကွာ မင်းဘာလို့ရန်ဖြစ်တာလဲ"
"ကျစ် သေမလို့အော်နေတာလား"
"ရိပေါ် "(မိန်းကလေးအသံ)
ရှောင်ကျန့် မျက်မှောင်ကြုံ့ပြီးကြည့်နေတယ်
YOU ARE READING
I believe in you (zhanyi) {Complete}
أدب الهواةလူတိုင်းကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ကျန့်ကော အရာရာကို အပေါ်ရံကြည့်ပြီး ဆုံးဖြတ်ကျကြေးဆို ဒူးရင်းသီးကလူတေရဲ့စားစရာဖြစ်လာမှာမဟုတ်ဘူး #Wang yibo ကိုယ့်ကိုယ်ကို နာကျဉ်အောင်မလုပ်ပါနဲ့ ရိပေါ် မင်းနာကျဉ်တိုင်း ငါလည်း နာကျဉ်ရတယ် ငါ.. ငါမင်းကို ချစ...
