SUN #13

274 30 8
                                    

(Unicode)

နွေဦးအချိန် March လဖြစ်တာကြောင့် ကျောင်းသားများက စာသင်နှစ် တစ်နှစ်ကို အစပြုရန် အားကြိုးမာန်တက်ဖြစ်နေသော အချိန်ကာလ တစ်ခု...
သူကတော့ ပျင်းရိစွာနှင့် ပြတင်းပေါက်ဘေး ရပ်ရင်း အပြင်ဘက်ကိုသာ ငေးကြည့်နေမိသည်။

ကျောင်းဘောလုံးကွင်းကို ဖြတ်ကာ ကျောင်းဆောင်အတွင်း ပျော်ရွှင်စွာ ချဥ်းကပ်လာသော ကျောင်းသားများစွာကို သဘောကျသလို မနာလိုလည်း ဖြစ်ရပါ၏။

ပြတင်းပေါက်ဘေးက အသင့်ယူထားသော နေရာတွင် ထိုင်လိုက်ပြီး ထိုင်ခုံကို ကျောမှီကာ ပျင်းရိစွာ လှုပ်ရမ်းနေမိသည်။ မျက်လုံးနှစ်ဖက်ကို ပိတ်ထားရင်း အခန်းထဲ ဝင်လာသော ခြေသံများကို နားစွင့်နေမိသည်။ တိုးတီးပြောသံများစွာကို လျစ်လျှူရှုထားရင်းဖြင့်....

"ကျောင်းသားသစ် ထင်တယ်! အန်ညောလ် ငါက ဗြောင်ဘတ်ခ်ဟျွန်း"

မျက်လုံးဖွင့်လိုက်ခြင်း မြင်လိုက်ရသော ပုံရိပ်လေး...မျက်လုံးမှေးလေးများကို ​ပျက်သွားအောင်အထိ ပြုံးကာနေပြီး လက်တစ်ဖက်ကို သူ့ဆီ ကမ်းထားသည်။

ကိုယ်ကို ပြန်မတ်လိုက်ကာ သူနှင့် ရွယ်တူ ကောင်လေးကို စိုက်ကြည့်နေရင်း ဘာမှ မပြောဖြစ်...ကမ်းပေးထားသော လက်ကိုလည်း လျစ်လျှူရှုထားရင်း...

"အာ! လက်ဆွဲ နှုတ်ဆက်ရတာ မကြိုက်ဘူးလား? ကိစ္စမရှိပါဘူး"

ခပ်ပါးပါးလေးရယ်ကာ လက်ကို ပြန်ရှုတ်သွားပြီး ခေါင်းကို ကုတ်နေသည်။
သူ့ဘေးက စားပွဲပေါ်တွင် လွယ်အိတ်ကို တင်လိုက်ပြီး ထိုင်ခုံကို ဆွဲကာ သူ့အနားကပ်၍ ထိုင်လာသည်။ စားပွဲ ပေါ် လက်ထောက်ပြီး သူ့မျက်နှာကို ကြည့်လာ၏။

"မင်းက ချောတယ်နော်! အိပ်မက်ကဘာလဲ ? မင်းပုံစံနဲ့ဆို idol လောက်က အေးဆေးပဲ! မင်းလောက်မချောဘူးဆိုပေမဲ့ ငါလည်း Idolဖြစ်ချင်တာလေ ဟီးဟီး"

အခုမှ မြင်ဖူးသော သူတစ်ယောက်ကို တရင်းတနှီး ပြောဆိုနေပုံက ခင်မင်လာသည်က နှစ်များစွာ ရှိနေသည့်ပုံစံ...
မုန်းစရာ ကောင်းလိုက်တာဟု တွေးလိုက်ပြီး ပြတင်းပေါက်ဖက်သို့ မျက်နှာလွှဲလိုက်သည်။

☀ SUN ☀ (ZG/UN)Where stories live. Discover now