(Zawgyi)
*ဆန်း...တကယ်ပဲ ဆန်းလား?*
........................
*Chapter-8*
လူသူကင်းမဲ့နေသော လမ်းမကြီး၏ platform ထက် ပြေးလွှားနေသူက ဒိုဂယောင်ဆူး...
"အာ့!!!!"
ဟန်ချက်မထိန်းနိုင်စွာ အနက်ရောင် လမ်းမကြီးထဲ ပစ်လဲကျသွား၏...
အားတင်း၍ ထရပ်လိုက်သော်လည်း ခြေထောက်က စကားနားမထောင်စွာနှင့် ပြိုလဲကျသွားပြန်၏....
ဖန်ကွဲစများစူး၍ သွေးအလိမ်းလိမ်း ဖြစ်နေသော ခြေထောက်နှစ်ဖက်၏ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရ၏...
ဖိနပ်အကူမပါပဲ ဗလာ သက်သက်ခြေထောက်၏ အေးခဲမှုက ဒဏ်ရာကို ပိုဆိုးစေ၏...
ဒိုဂယောင်ဆူး ဒူးနှစ်ဖက်ကို ပိုက်၍ မျက်နှာကို ဒူးထက် အပ်လိုက်၏...
ဆောင်းရာသီ၏ ညဥ့်နက်ထဲ အနွေးထည် မပါ ဖိနပ်မပါပဲနှင့် သူ အအေးဒဏ်ကို အံမတုနိုင်ပေ...
ရုတ်တရက် သူ့ရှေ့ထိုးရပ်လာသော ကားတစ်စီး....
ကားပေါ်မှ ဆင်းကာ သူထံပြေးလာသူ၏ ပုံရိပ်က ဝိုးတိုးဝါးတား...
"ဂျောင်? အဆင်ပြေရဲ့လား? သတိထားဦး...ဂျောင်..."
ပခုံးနှစ်ဖက်အား လှုပ်ရမ်း၍ မေးနေသည့်တိုင် နှုတ်ခမ်းပါးမှ အဖြေပေးရန် ခက်နေ၏...
"ချမ်း...ချမ်း~"
စကားမဆုံးခင် ဘတ်ခ်ဟွန်း ၏ လက်မောင်းထက် ပြိုလဲသွားသော ဂျောင်ဆူး...
"ဂျောင်...ဂျောင်!!!"
ဘတ်ခ်ဟွန်း ကုတ်အင်္ကျီကို ဂျောင်ဆူး ကိုယ်ပေါ်လွှားခြုံပေးလိုက်ကာ ပွေ့ချီလိုက်၏...
~
~
~ဆေးရုံကုတင်ဘေး ထိုင်စောင့်ရင်း ဂျောင်ဆူး မျက်နှာအား ငမ်းကြည့်မိ၏...
YOU ARE READING
☀ SUN ☀ (ZG/UN)
Fanfiction#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...