(Unicode)
ဘတ်ခ်ဟျွန်း, ဂျောင်ဆူး အိမ်ရှေ့ ရပ်နေခဲ့သည်က အတော်ကြာပြီဖြစ်သည်။ အိမ်ထဲ ဝင်ဖို့ သူမှာ အခွင့်အလမ်းများစွာ ရှိသည်တိုင် သူ မဝင်ဖြစ်...
ခြံရှေ့ ဘရိတ်အတင်းနင်းကာ ရုတ်တရက်ထိုးရပ်လာသော ကားတစ်စီးကြောင့် ဘတ်ခ်ဟျွန်း ကိုယ်လေး အနည်းငယ် တုန်တက်သွားရသည်။
အသံလာရာဆီ ကြည့်တော့ သူရင်းနှီးပြီးသား ကားကိုတစ်စီး...
ကားပေါ်မှ ခပ်သွက်သွက်ဆင်းလာသော ပုံရိပ်လေးက သူ၏ ငြိမ်သက်နေသော နှလုံးသားကို ရိုက်ခတ်နှိုး၏... ဂျောင်ဆူးက ရပ်နေသော သူ့ကို မမြင်ပဲ ကျော်သွားပြီး ခြံတံခါးကို ဖွင့်ရန်ကြိုးစားနေသည်။ သို့သော်လည်း အရာမထင်....ဘတ်ခ်ဟျွန်း စိတ်ထဲ အလိုမကျဖြစ်သွားရပြီး မျက်ခုံးများ အလိုလို တွန့်ကွေးသွားရသည်။ သူ သိသော ဒိုဂျောင်ဆူးသည် ဤကဲ့သို့ ပုံရိပ်မျိုးကို ဘယ်တုန်းကမှ မပြခဲ့ဖူးပေ။ အမြဲပင် အေးဆေးတည်ငြိမ်ကာ အလုပ်လုပ်လျှင် စေ့စပ်သေချာသူ ဖြစ်သည်။
"ဂျောင်!"
လက်ကို အားနှင့် ဆွဲယူလိုက်တော့ သူကို လှည့်ကြည့်လာ၏။ မျက်ဝန်းများက အနည်းငယ်နီရဲလို့နေသည်။ ငိုထားခဲ့သလား? ဒါမှ မဟုတ် ငိုချင်စိတ်ကို အတင်းမြိုသိပ်ထားသလား? ဘတ်ခ်ဟျွန်း သေချာ မခွဲခြားတတ်ပါ...
အဖြူရောင် ရုပ်အကျီထက်တွင် အညိုရောင် အကွက်ကြီး ရှိနေပြီး တစ်ခုခု ဖိတ်စင်ထားပုံရသည်။ သူ အတင်းဖိကိုင်ထားသော လက်ဆီ အကြည့်ရောက်သွားတော့ လက်ကို လွှဲချလိုက်ရင်း...
"ဘာဖြစ်လာတာလဲ ဂျောင်ဆူး?"
အသားဖြူဥဥ ပေါ်တွင် အပူလောင်ထားပုံရသော အနီရောင် အကွက်က ထင်းလင်းလျက်...
သူ၏ စိုးရိမ်စွာနှင့် မေးလိုက်သော မေးခွန်း အဆုံးတွင် ဂျောင်ဆူး မျက်ဝန်း၌ အရည်ကြည်များ ဝေ့သီလာတော့သည်။ သို့သော် နှုတ်ခမ်းကို ကိုက်ခဲ၍ မျက်ရည်များ ကျမလာအောင် တားဆီးထား၏။ဂျောင်ဆူးသည် တော်ရုံ ငိုတတ်သူ မဟုတ်ပေ။ နာကျင်မှုများ ရှိလျှင်တောင် ဘာမှ မဖြစ်သလို သွေးအေးအေး နေတတ်သူ..အခုလို ငိုချင်နေသည်ကို အတင်းမြိုသိပ်ထားသည့် အမူအရာမျိုးကိုလည်း သူကို တစ်ခေါက်တစ်ခါလေးတောင် မမြင်စေခဲ့ဖူးပေ။.. ဂျောင်ဆူးနှင့် သူ ပေါင်းလာသော နှစ်များစွာတွင် ဂျောင်ဆူး အကြီးအကျယ် ငိုခဲ့ဖူးသည်ကို မြင်ရသည်က ရှေ့တစ်ခေါက် ဂျောင်ဆူး ဆေးရုံတက်စဥ်ကမျှသာ...
YOU ARE READING
☀ SUN ☀ (ZG/UN)
Fanfiction#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...