(Zawgyi)
*ငါနဲ့ အိုဆယ်ဟွန်းက ချစ်သူတွေ*
..................
*Chapter-7*
ည မီးရောင်များအောက် တစ်ယောက် မျက်နှာ တစ်ယောက် စိုက်ကြည့်နေမိသော ထိုလူသားနှစ်ယောက်...
"ဆယ်ဟွန်း!!! မင်း..."
"ကိုယ့်ကို ပြန်တွေ့ရတာ အဲ့လောက်တောင်ပဲ လန့်သွားရလား အချစ်ရဲ့...ကိုယ်က ကြောက်ဖို့ကောင်းနေလို့လား?"
ဘတ်ခ်ဟွန်း က နှုတ်ခမ်းသားတွန့်ရုံမျှ ပြုံး၍ ခနဲတဲ့တဲ့ ရီသံတစ်ခု ပြု၏
"အဟက်!!!မင်းကို...ငါက လန့်ရမယ်တဲ့လား... ဗြောင်ဘတ်ခ်ဟွန်း ရဲ့ရာဇဝင်မှာ အိုဆယ်ဟွန်း ကို ကြောက်တယ်များ ရှိလို့လား? ဟမ်?"
ဆယ်ဟွန်းက ဘတ်ခ်ဟွန်း ရဲ့ အပြောကို သဘောတကျ ရီမောလိုက်၏...
"ဒါပေမဲ့လည်း ဘယ်သူ သိမလဲပေါ့နော်... ဒိုဂယောင်ဆူးကတော့ ငါတို့ဘတ်ခ်ဟွန်း လေးရဲ့ မဟာအားနည်းချက်ဆိုတာကိုလေ..."
ဘတ်ခ်ဟွန်း အမူအရာက ချက်ချင်းပြောင်းလဲသွား၏...
ဆယ်ဟွန်း ၏ အင်္ကျီကော်လံစကို ဆွဲဆောင့်လိုက်သောကြောင့် ဆယ်ဟွန်း မျက်နှာက ဘတ်ခ်ဟွန်း မျက်နှာဆီ တိုးကပ်လာ၏...
"မင်း...ဂျောင့် ကို ဘာလုပ်ထားလဲ...ခု ဂျောင် ဘယ်မှာလဲ"
"အို...အချစ်ရဲ့...မင်းရဲ့ ဂျောင်ဆူး လေး ဘယ်မှာရှိတယ်ဆိုတာ ကိုယ်က သိပါ့မလား... ဂျောင်ဆူး တစ်ခုခုဖြစ်ပြီဆို ကိုယ်ကို စွပ်စွဲတတ်တဲ့ အကျင့်က အထက်တန်းတုန်းက အတိုင်းပဲနော်"
ဘတ်ခ်ဟွန်း ဆယ်ဟွန်း မျက်လုံးထဲ အတနိကြာ စူးရဲစွာစိုက်ကြည့်နေ၏...
ဆယ်ဟွန်း လုပ်ရပ်ကြောင့် ဘတ်ခ်ဟွန်း လန့်ကာ တွန်းထုတ်လိုက်သော်ကြောင့် ဆယ်ဟွန်း မြေပြင်သို့ ဖင်ထိုင်ရက် လဲကျသွား၏...
YOU ARE READING
☀ SUN ☀ (ZG/UN)
Fanfiction#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...