SUN #15

234 37 17
                                    

(Unicode)

ဂျောင်ဆူး ရေအေးတစ်ခွက်ကို ငှဲ့လိုက်ကာ အမြန်ပင် မော့ချလိုက်သည်...။
လည်ချောင်း တစ်လျှောက် စီးဆင်းသွားသော အအေးဓာတ်က ရင်ထဲမှ ပူလောင်မှုအောက် ကျရှုံးသွားရသည်...။

နိမ့်ချည် မြင့်ချည် ရင်တစ်စုံနှင့်အတူ မောဟိုက်နေသော အသက်ရှုသံ ​ပြင်းပြင်းက အမှောင်ထုအတွင်း ကြောက်မက်ဖွယ်ကောင်းအောင် ဖြစ်တည်လျက်....။

အိပ်မက်ဆိုးများက သူ့ကို အမြဲလို နှောင့်ယှက်နေသည်...။

သူ မေ့ပျောက်ပစ်ချင်လှသော အတိတ် အကြောင်းအရာ တစ်ချို့က သူ့ကို ခြောက်လှန့်လို့နေသည်...။

သူပြောင်းလဲ ပစ်ချင်ခဲ့သော အရာများက သူ့ကို လှောင်ရီလို့နေသည်...။

နာကျင်ခဲ့ရသော မှတ်ဉာဏ်တစ်ချို့က သူကို နှိပ်စက်လို့နေပြန်သည်...။

တစ်စုံတစ်ယောက်က သူ တန်ဖိုးထားဆုံးသောအရာကို သူ့ဘဝထဲက ဆွဲထုတ်သွားရန် အမြဲ ကြိုးပမ်းလို့နေသည်...။

စွပ်စွဲခံရမှုများ...အစားထိုးခံရမှုများ...လုယူခံရမှုများနှင့် သူအသားကျနေပါသော်လည်း နောက်တစ်ကြိမ် သူ့ဆီ ပြန်၍ ဦးလှည့်လာမည်ကို မလိုလားပါ...။

တိတ်တဆိတ် ငိုကြွေးခဲ့ရဖူးသည်...။

တိတ်တဆိတ် နာကျင်ခဲ့ရဖူးသည်...။

တိတ်တဆိတ် အခြားသူတစ်ယောက်၏ အဖြည့်ခံ ဖြစ်ခဲ့ရဖူးသည်...။

တိတ်တဆိတ် ချစ်ခဲ့ရဖူးသည်...။

ဖုန်း screen ၏ အလင်းရောင်က ဂျောင်ဆူးကို မျက်လုံးကျိမ်းစေသည်...။

Screenပေါ် မြင်နေရသော အချိန်နာရီက မနက် ၂နာရီ...

တယုတယ မှတ်ထားရသော contact တစ်ခုကို ခေါ်လိုက်သည်...။

ဒီအချိန်နာရီဟာ လောကကြီး အိပ်စက်​နေချိန် ဖြစ်သော်လည်း ကြောက်ရွံမှုက သူ့ကို ရွေးချယ်ခွင့် မပေး....

သူ ချန်ယောလ်ကို လိုအပ်နေပါသည်...။

တူ တူ တူ မြည်နေသော ဖုန်းမြည်သံ အနောက်တွင် ပြန်ဖြေလာမည့် အသံလေးကို သူ မျှော်လင့်တကြီး စောင့်စားနေမိသည်...။

☀ SUN ☀ (ZG/UN)Where stories live. Discover now