(Zawgyi)
*ဆန်း....
ကိုကို့ဟာ မင်းတစ်ယောက်ထဲရဲ့ အပိုင်ပါ*.......................................
*Chapter 1*
"ဆန်း"
အသက် ဆယ်နှစ်သာသာ အရွယ်ရှိသော ကောင်လေးရဲ့ နှုတ်ခမ်းပါးပါး မှ ရွှင်ပြပြ ထွက်ပေါ်လာသော အမည်နာမ တစ်ခု....
"ဆန်းလေးရေ...သေချာပုန်းနော် ကိုကိုဖမ်းမိလို့ကတော့ အပြစ်ကြီးကြီး ပေးပစ်မှာနော်..."
သစ်ပင်ကြီးနှစ်ပင်ကြား ဝင်ပုန်းနေသော ခြောက်နှစ်အရွယ် ကလေးငယ်အား မြင်သည်တိုင် မမြင်ချင်ယောင်ဆောင်ကာ အော်လိုက်သည်...
"ကိုကို ဆန်းလေး ကို မိတော့မယ်...တွေ့နေရပြီ..."
သစ်ပင်ကြားမှ ကလေးငယ်က ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်၍ မျက်နှာအပ်ကာ ထိုင်နေ၏
"ဟော...မိပြီကွ...ဆန်းလေး ကို ကိုကိုမိပြီ...ပြောသားပဲ ကိုကိုနိုင်မှာပါလို့...ဆန်းလေး မှ မယုံပဲ"
ကလေးငယ်အား ပွေ့ချီ၍ နဖူးပြင်အား ခပ်ဖွဖွအနမ်းပေး၏...
"ကိုကို...အကျင့်မကောင်းဘူး...ဗြဲ"
"အာ...မငိုနဲ့လေ ကိုကို ဘာလုပ်လို့လဲ"
"ကိုကိုက ဟင့်သားကိုဆို တစ်ခါ ဟင့်မှ အနိုင်မပေး အနိုင်မှ ဟင့် မပေးတာ...ကိုကိုက သားဆို အမြဲ အနိုင်ကျင့် ဟင့်တယ်...ကိုကို့ မေမေနဲ့တိုင်မှာ ကြည့်နေ"
"ကိုကို့ မေမေနဲ့တော့ မတိုင်ပါနဲ့ ကလေးရယ်...မွ ဆန်းလေး ဘာလုပ်ချင်လဲ ကိုကိုလုပ်ပေးမယ် မေမေနဲ့တော့ မတိုင်နဲ့နော်"ကလေးငယ်ရဲ့ နဖူးပြင်အား ခပ်ဖွဖွ ထပ်နမ်း၍ ပြောတော့ ကလေးငယ်ရဲ့ မျက်စောင်းစူးစူးတစ်ခု ကျရောက်လာသည်...
أنت تقرأ
☀ SUN ☀ (ZG/UN)
أدب الهواة#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...