(Unicode)
မိုးလေဝသ၏ သတိပေးကြော်ငြာချက်အရ ဤ သုံးရက် လေးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး လေပြင်းမုန်တိုင်း ကျရောက်မည့် အခြေအနေ...
ချန်းယောလ် ကော်ဖီခွက်မှ ထွက်လာသော အငွေ့တလူလူကို လေနှင့်မှုတ်ထုတ်ရင်း အပြင်ဖက်သို့ ငေးကြည့်နေမိသည်။ သက်ပြင်းခပ်ပါးပါးကို ချလိုက်မိရင်း.. မိုးရွာနေလျှင် လူက အလိုလိုပင် စိတ်လေးလံရသည်။
ပတ်ဝန်းကျင်၏ အအေးဓာတ်ကို ခံစားမိနေသော ခန္ဓာကိုယ်က ကော်ဖီပူပူတစ်ငုံ သောက်အပြီးတွင်ပင် နွေးထွေးသွားသလို...
တင်းတောင်~
အတွေးတို့ ရောက်တက်ရာရာ ကွန့်မြူးနေစဥ် နားစည်ကို ရိုက်ခတ်လာသော လူခေါ်ဘဲလ်သံ...
"မိုး ဒီလောက်သည်းနေတာ ဘယ်သူကများ!"
လက်ထဲမှ ကော်ဖီခွက်ကို စားပွဲပေါ် အသာချလိုက်ရင်း တံခါးရှိရာဆီ လျှောက်လာလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် တံခါးနောက်ကွယ်မှ တဖြည်းဖြည်း ပေါ်လာသော ပုံရိပ်လေးက သူ့ကို အထိတ်တလန့်ဖြစ်စေသည်။
မိုးရေများနှင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုဖြစ်နေသော ဂျောင်ဆူးက သူရှေ့တွင် တုန်ရီစွာ ရပ်နေခြင်း...
"ဆန်း?"
လက်နှစ်ဖက်ကို တင်းနေအောင် ပိုက်ထွေးထားသော ဂျောင်ဆူးက ချန်းယောလ်၏ ခေါ်သံ အကြားတွင် ရေစက်များ တစ်စက်စက်ကျကာ မျက်နှာရှေ့ရစ်ဝဲနေသော ဆံပင်ကြားမှ ချောင်းကြည့်လာသည်။
အရင်က အနီတရဲရဲ ရှိလှသော ပါးဖောင်းဖောင်းလေးများတောင် အအေးဓာတ်ကြောင့်ထင် သွေးရောင်ပင် မရှိတော့ပေ။ ကြက်သွေးရောင် နှုတ်ခမ်းလွှာက အရောင်အသွေး ပြယ်လျက်...
"ကို~ကို"
ဂျောင်ဆူး၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော တုန်ရီနေသည့် အသံကြောင့် ချန်းယောလ် အလိုမကျစွာနှင့် မျက်မှောင်ကြုပ်လိုက်မိ၏။
ဒီလောက် မိုးသည်းနေတာ ဒီကလေးက အဘယ်ကြောင့် အကာအကွယ်မရှိပဲ လျှောက်သွားနေရသနည်း။
YOU ARE READING
☀ SUN ☀ (ZG/UN)
Fanfiction#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...