(Zawgyi)
*လွမ်းတယ်...ဆန်း...ကိုကို့ကလေးလေး...*
.....................
*Chapter-9*
နိုးထလာသည်နှင့် မျက်စိရှေ့ပထမဆုံး မြင်တွေ့ရသည်က မရင်းနှီးသည့် မျက်နှာကြက်ဖြူဖြူ....
အရက်ပြန်အနံ့ ခပ်စူးစူးကြောင့် ဆေးရုံ၏ အငွေ့အသက်ကို ခံစားလိုက်ရ၏...
ခြေဖဝါးမှ တဆစ်ဆစ်နာကျင်နေသော ဒဏ်ရာအလျောက် မျက်နှာပါ ရှုံ၍ ခပ်တိုးတိုး ညည်းတွားလိုက်၏...
ဘေးပတ်ပတ်လည် ခေါင်းငဲ့ကြည့်တော့ ကုတင်ပေါ် ခေါင်းမှောက်အိပ်နေသော ဘတ်ခ်ဟွန်း ကိုတွေ့ရသည်....
အသက်ရှူသံ နိမ့်မြင့်မှန်မှန်နှင့် အိပ်မောကျနေသော သူက ကျွန်တော် လက်တစ်ဖက်ကိုတော့ ဆုပ်ကိုင်ထား၏....
ဘတ်ခ်ဟွန်း မနိုးစေရန် သတိထား၍ အားယူကာ ကိုယ်ကိုမတ်ပြီး ကုတင်ခေါင်းရင်း ပေါ်ကျောမှီလိုက်သည်...
Ash gray color ဆံပင် အုပ်အုပ်ကို ဖွဖွ ပွတ်သပ်လိုက်မိ၏...
"တောင်းပန်တယ် ဘတ်ခ်ဟွန်း...အမြဲ ငါကြောင့် ပင်ပန်းရတယ်"
"တောင်းပန်မဲ့အစား...ငါ ပင်ပန်းအောင်မလုပ်ပါနဲ့လား ဂျောင်ဆူး..."
ရုတ်တရက် ခေါင်းထောင်ကာ ပြောလာသော ဘတ်ခ်ဟွန်း ကြောင့် ဂယောင်ဆူး လန့်သွား၏...
ဘားမှ မပြောပဲ စိုက်ကြည့်နေတော့ ဘတ်ခ်ဟွန်း ကပဲ စကားဆက်၏...
"နိုးပြီလား? ဘယ်လိုနေသေးလဲ...အရမ်းနာနေသေးလား?"
"ဟင့်အင်း...မနာပါဘူး"
"ငါ့ကို ဘယ်သူထင်လို့ လိမ်နေတာလဲ"
YOU ARE READING
☀ SUN ☀ (ZG/UN)
Fanfiction#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...