SUN #2

1.4K 174 4
                                    

(Zawgyi)

*ကိုကို့ ​ဘေးမှာ ဘယ်​သူမှ မရှိရဘူး...သားမကြိုက်​ဘူး...သားတစ်​​ယောက်​ပဲ ကိုကို့ကို ပိုင်​တယ်​*

.............................

*Chapter-2*

"ကိုကို​ရေ...ကိုကို"

မနက်​ခင်းရဲ့ ​နေ​ရောင်​ခြည်​ ​နွေး​နွေးထဲ အ​ကောင်​ငယ်​​လေးရဲ့ အသံက တဆာဆာနှင့်​ ပတ်​ဝန်းကျင်​တွင်​​ပေါ်ထွက်​လျက်​...

"လီချန်း...သား​ရေ...အိမ်​​ရှေ့မှာ ဂျယ်​ဟွန်း​ ​လေး ​ရောက်​​နေတယ်​ထင်​တယ်​..."

"ကိုကို​ရေ...သား​ရောက်​ပြီ"

ထိုက​လေးငယ်​က လီချန်း အိမ်​​ရှေ့မှ အသံကျယ်​နှင့်​ ​အော်​သာ​အော်​​နေသည်​...အိမ်​ထဲလည်း ဝင်​မလာပါ...

"လီချန်း ​​ရေ!!!"

"မား​ရေ မား​အော်​​နေလည်းကြားမှာ မဟုတ်​ဘူး.. အဲ့​ကောင်​​လေး အိပ်​တုန်း..."

"​အော်​ ရီဖန်​... အိပ်​​နေမှန်း သိရင်​လည်း သွားနှိုး​လေ...ခက်​တာပဲ... ဂျယ်​ဟွန်း စိတ်​ဆိုးသွားမှ ငါတို့တစ်​အိမ်​လုံး ​နေစရာမရှိ ဖြစ်​​နေမယ်​...သွား မြန်​မြန်​သွားနှိုး​ချေ..."

"မားတို့များ​နော်​...မ​ပြောချင်​ဘူး"

. . .

. . .

"ချန်း ... ချန်း ... ထ​တော့"

တင်​ပါးအား ပုတ်​၍ နှိုး​တော့ ကုတင်​​ပေါ်မျ ကာလနဂါး​ပေါက်​စ​လေးက တစ်​အီး အီးနှင့်​ ငြီးကာ တစ်​ဖက်​လှည့်​သွားသည်​...

"ချန်း​ရေ ...ထ​တော့ကွာ"

"ဟာ...Geကလည်း...အ​စောကြီးရှိ​သေးတာကို... "

"မင်း...အ​ကောင်​​ပေါက်​​လေး အိမ်​​ရှေ့မှာ ​အော်​​နေပြီ"

(ကိုကို​ရေ!!!)

ထိုအချိန်​ကြားလိုက်​ရ​သော ကိုကို ဟူ​သော ​ဒေါသနှင့်​ ​အော်​သံက ဝူလီချန်း ၏ တစ်​ကိုယ်​လုံး ​ထောင်​မတ်​သွားရသည်​...

☀ SUN ☀ (ZG/UN)Where stories live. Discover now