SUN #16

232 38 11
                                    

(Zawgyi)

"ဒီလိုမလုပ်ပါနဲ့.."

ဆယ်ဟွန်း နားထဲ ဝင်ရောက်လာခဲ့သော အသံသေးသေးလေး...ကလေးငယ် တစ်ယောက်၏ အသံဖြစ်သည်။ တိုးလျဖျော့တော့လျက်ရှိပြီး အနည်းငယ် ကြောက်ရွံ့နေဟန်...

အသံလာရာကို ရှာဖွေမိသော်လည်း ပတ်ဝန်းကျင်က အမှောင်အတိ... သူကို အမှောင်ထု တစ်ခုလုံးက ဝါးမြိုထားပြီး ဤနေရာတွင် သူမှလွဲ တခြား တစ်ယောက် ရှိမနေခဲ့ပေ။

"ဘယ်သူလဲ"ဟု ဆယ်ဟွန်း အော်ကာမေးလိုက်သည်။
သို့သော် ထပ်မံ၍ ထွက်လာသော စကားက သူ၏မေးခွန်းနှင့် လားလားမှဆိုင်မနေခဲ့...

"လွှတ်လိုက် မင်းလက်ကို"

ကလေးအသံပင်...သို့သော် ပထမအသံလိုမဟုတ်ပဲ ခပ်မာမာနှင့် ခပ်ပြတ်ပြတ်...စိတ်ဆိုးနေပုံရသော်လည်း ရှင်းလင်းကာ တည်ကြည်နေသော အသံက ထိုကလေးငယ်၏ ပုံစံကို ခန့်မှန်းနိုင်သည်။
ဒုတိယ ကလေးငယ်က ပထမ ကလေးငယ်ထက် အင်အားကြီးပုံရသည်။

"ဒါ ငါမုန့်ဖိုးနဲ့ ဝယ်ထားတာပါ...ဒီလို မလုပ်ပါနဲ့"

တုန်ရီနေသော ကလေးငယ်၏ အသံအရ ငိုချင်နေသည်ကို အံကြိတ်ကာ တင်းထားသလို...

"အသားနာမှ မင်းလက်ကို လွှတ်မှာလား?"

ကလေးငယ်ဟာ စတင်ပြီး ငိုကြွေးပါတော့သည်။ တရှုတ်ရှုတ် ငိုသံက အိုဆယ်ဟွန်း ဘေးပတ်ပတ်လည်လည်မှ ပျံ့လွင်လာသည်။ ထို ငိုသံကို ဘာကြောင့်မှန်းမသိ ဆယ်ဟွန်း မနှစ်မြိုပါ။ ကျက်သရေ တစ်စက်ကလေးမှ မရှိဘူးဟု တွေးလိုက်မိသည်။

"လွှတ်! လွှတ်​လေ"

ပစ္စည်းတစ်ခုကို အတင်းလုနေကြပုံရသည်။
ဟိုကလေးငယ်က ဘာလို့ အခုထိ ပေကပ်နေသလဲဟု ဆယ်ဟွန်းတွေးလိုက်ပြီး စိတ်မရှည်ဖြစ်လာရသည်။ ဘာတွေကများ အဖိုးတန်နေလို့ မပေးနိုင်ဖြစ်နေရတာလဲ?

"ဒါလေး ရဖို့ ငါ တစ်လလုံးလုံး နေ့လည်စာ ဝယ်မစားနိုင်ပဲ စုခဲ့ရတာ..ဒါလေးကိုတော့ မယူပါနဲ့နော်"

တောင်းပန်ခယနေခဲ့သော်လည်း ဘာကြောင့်မှန်းမသိ ဆယ်ဟွန်း သနားမနေခဲ့...
သူဟာ ဒီလိုပဲ အသနားကြင်နာမဲ့ခဲ့သူလား? အမှန်ဆို ပစ္စည်းပိုင်ရှင်ကလေးငယ်ကို သနားရမည်ဖြစ်သော်လည်း စိတ်ထဲတွင် သူကပါ ဘာမှန်းသိသည့် ထိုပစ္စည်းကို အပိုင်လိုချင်နေသလို...

☀ SUN ☀ (ZG/UN)Where stories live. Discover now