(Zawgyi)
ဘတ်ခ်ဟျွန်း ကိုယ်ငွေ့နွေးနွေးလေး ဖြစ်နေသေးသည်မို့ အိပ်ရာထဲ လှဲနေခဲ့သည်။
ထိုနေ့က ရေမိုးချိုးသန့်စင်ပြီးသည်နှင့် ဆယ်ဟွန်း သူကို တစ်ယောက်တည်းထားကာ ပြန်သွားခဲ့၏။ဘတ်ခ်ဟျွန်း ညစ်နွမ်းနေသော ခန္ဓာကိုယ်ကို နာကျင်မှုများကြားမှ အားတင်းကာ ဆေးကြယ်သန့်စင်ခဲ့ရသည်။
ဟိုတယ် မှ အိမ် သို့ ရောက်သည်အထိ ဘတ်ခ်ဟျွန်း သည်းခံလျက် ပြန်လာခဲ့ရ၏။ထိုညနေတွင် ဘတ်ခ်ဟျွန်း အဖျားဝင်တော့သည်။
တစ်ယောက်တည်း နေသူဖြစ်တာကြောင့် ပြုစုပေးမည့်သူမရှိပေ...။တစ်ယောက်တည်း ဖျားနာမှုကို အံကျိတ်ကာ ခံစားခဲ့ရပေသည်...။
နှစ်ရက်အကြာ အဖျားကြီးခဲ့ပြီး သက်သာကာစဖြစ်နေသော်လည်း လူက အားမရှိ...
ဖုန်းကို လှမ်းယူလိုက်ကာ စောင့်နေခဲ့ရသော အဝင်ခေါ်လေးများ ရှိလိမ့်နေမလားဟု မျော်လင့်တကြီး....
သို့သော် ဆက်သွယ်ထားခဲ့သူ တစ်ယောက်မှ ရှိမနေခဲ့ပေ။သက်ပြင်းချဖွဖွ ချလိုက်ရင်း ဖုန်းကို ကုတင်ခေါင်းရင်ပေါ် လှမ်းတင်လိုက်သည်...။
ဂျောင်ဆူးဆိုသည်က သူဘက်မှ အရင် စ မခေါ်လျှင် ဘယ်တော့မှ ပြန်ခေါ်လာလိမ့်မည် မဟုတ်သော သူမျိုး...။
သုံးရက်လောက် အဆက်အသွယ် မလုပ်သည့် သူငယ်ချင်းကို အနည်းဆုံးတော့ အကျိုးအကြောင်း မေးသင့်သည် မဟုတ်ပါလော...။နောက်ထပ်တစ်ကြိမ် သက်ပြင်းရှည်ကြီးကို ဘတ်ခ်ဟျွန်း ချလိုက်မိပြန်သည်...။
သူဟာ ဂျောင်ဆူး စိတ်ဆိုးစေမည့် စကားမျိုးကို ထိုနေ့က ပြောခဲ့မိသည်...။
စိတ်ဆိုးနေမည့် ဂျောင်ဆူး၏ ပုံရိပ်ကို မြင်ယောင်မိတော့ ဘတ်ခ်ဟျွန်း အနည်းငယ် မွန်းကြပ်သွားရပြန်သည်...။ဂျောင်ဆူးကို ဒေါသထွက်စေခဲ့သည့် အကြောင်းအရာက ဂျောင်ဆူး၏ အချစ်ဦး ထိုလူဖြစ်သည်ကို တွေးမိလျှင် ပို၍ပင် အသက်ရှူမဝဖြစ်ရသည်...။
ဘတ်ခ်ဟျွန်း အိပ်ရာထဲမှာ အားပြုထလိုက်ပြီး ရေချိုးခန်းရှိရာဆီ ဦးတည်လိုက်၏။သူ ဒီအတိုင်း ငြိမ်နေ၍ မဖြစ်ပါလေ...။
သူ company ရှိရာသို့ သွားလိုက်ပြီး trainee ဘဝမှ အပြီးအပိုင်နှုတ်ထွက်ရမည်...။
သူသာ idolဖြစ်ရန်အတွက် အိမ်မက်နောက် ဆက်၍ လိုက်နေခဲ့လျှင် ချစ်ရသူနှင့် ဝေးသထက် ဝေးကွာလာမည်သာ...
أنت تقرأ
☀ SUN ☀ (ZG/UN)
أدب الهواة#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...