SUN #4

1.2K 138 13
                                    

(Zawgyi)

*ဆန်းဆိုတာဘယ်​သူလဲ???ဘာမို့လို့ ဒီရင်​ဘတ်​ကြီးကို လှုပ်​ခါ​စေတာလဲ?ဝူလီချန်းဆိုတဲ့သူက​ရော?*"

.........................

*Chapter-4*

"ဟာ....မိုးကလည်း"

ရုတ်​တရက်​ကြီး ရွာချလိုက်​​သော မိုးကို ဆယ်​ဟွန်း အပြစ်​တင်​လိုက်​မိသည်​...​ခြေ​လှမ်းစိပ်​များကို အလျင်​အမြန်​ပင်​ အရှိန်​တင်​ကာ ​ပန်းခြံအတွင်းမှ ​ပြေးထွက်​လာခဲ့သည်​...

စိတ်​​ပြေလက်​ပျက်​ဟူ၍ ကားမပါပဲ ပန်းခြံသို့ လမ်း​လျှောက်​လာခဲ့သည့်​ ကိုယ့်​ကိုကိုယ်​ပါ တပါတည်း အပြစ်​ဆိုမိပြန်​သည်​...

ခေါင်းကိုသာ ငုံ၍ မိုးစိုခြင်း သက်​သာလိုသက်​သာငြား မြန်​နိုင်​သမျှ မြန်​မြန်​​ပြေးမိသည်​...

>>ဖုန်း...ဖက်​<<

တစ်​စုံတစ်​​ယောက်​နှင့်​ တိုက်​မိ၍ လဲကျသွား​တော့မည့်​ ကျွန်​​တော့်​ ထိုသူကပင်​ လဲမကျ​စေရန်​ လှမ်းထိန်း​ပေးသည်​...သို့​သော်​ ထိုသူ​ရော ကျွန်​​တော့်​ပါ လိမ့်​၍ မြက်​ခင်းစိမ်း​ပေါ် ထပ်​လျက်​သား ပြုတ်​ကျသွားရသည်​...

ပတ်​ဝန်းကျင်​ကို ဂရုမစိုက်​ပဲ ​ခေါင်းထွင်​ထွင်​ ငုံ၍​ပြေးလာမိ​သော မိမိလုပ်​ရပ်​ကို ရင်​ထဲမှ ကြိမ်းဆို၍ အလျင်​အမြန်​ထရပ်မိသည်​...မိုး​ရေစို သက်​သာပါ​စေရည်​ရွယ်​ချက်​က ခု​တော့ ပျက်​ယွင်းသွားခဲ့သည်​... တစ်​ကိုယ်​လုံးရွှဲနစ်​​နေပြီဖြစ်​သည်​...

"​တောင်းပန်​ပါတယ်​...ကျွန်​​တော့်​အမှား​ကြောင့်​..."

မတ်​တပ်​ရပ်​လာ​သော ထိုသူကို ကျွန်​​တော့်​ထက်​ရှည်​​သောသူ့အရပ်​​ကြောင့်​ ​မော့ကြည့်​ရင်း ​တောင်းပန်​စကားဆိုမိသည်​...ထိုသူက သူ၏ သွားဖြူတန်း​လေးများ ဝင်းခနဲဖစ်​သွား​အောင်​အထိ နှစ်​ခြိုက်​စွာရီပြသည်​...

☀ SUN ☀ (ZG/UN)Where stories live. Discover now