SUN #6

921 140 36
                                    

(Zawgyi)

*ဘယ်​မှမသွားဘူး...​နောင်​ ဘယ်​​တော့မှ မင်းနားကထွက်​သွားမှာ မဟုတ်​လို့...
မငိုနဲ့​တော့​နော်​~ကိုယ်​ကတိ​ပေးတယ်​*

..................

*Chapter-6*

Han မြစ်​ကမ်းနှ​ဘေး​လေထုက ​ချမ်းစိမ့်​စိမ့်​ဖြစ်​​နေသည်​တိုင်​ သူ၏​လေထုက​တော့ ပူ​လောင်​​နေ၏...

"​တောက်​...​အေး.
..မင်းတို့​ကောင်​​တွေ ​သောက်​သုံးမကျတာ​တော့ စကားထဲထည့်​မ​ပြောနဲ့..."

"​~~~~~"

"​ငါလိုချင်​တာ တောင်းပန်​ပါတယ်​ဆိုတဲ့စကားမဟုတ်ဘူး... ​အေး...​တစ်​ပတ်​အချိန်​​ပေးမယ်​... ​ငါက လူမ​ရွေးတတ်​သလို ငါ့​သေနတ်​ကလည်း လူမ​ရွေးတတ်​ဘူးဆိုတာ မင်းနားလည်​ပါတယ်​​နော်​"

တစ်​ဖက်​က ​ဖုန်း​ဖြေသံကိုပင်​ နားမ​ထောင်​​တော့ပဲ ဖုန်းချပစ်​လိုက်၏

ဒေါသမထိန်းနိုင်​စွာပင်​ ဖုန်းကိုပါ Han မြစ်​ထဲ တခါတည်း​လွှတ်​ပစ်​လိုက်​၏....

"အား!!!!!!အား!!!!!! ဆန်း!!!!!"

စိတ်​သက်​သာလိုသက်​သာငြား ပတ်​ဝန်းကျင်​ကို ဂရုမစိုက်​ပဲ ​အော်​ပစ်​လိုက်​၏...

စိတ်​အနည်းငယ်​သက်​သာမှ အိမ်​သို့ပြန်​လာမိ၏
..

*****S~U~N*****


အ​တွေးအတွင်း နှစ်​​မြော​နေဆဲ ခဏမှာပင်​ ကား​ရှေ့ဝင်​လာ​သော ပြာနုနု ပုံရိပ်​တစ်​ခု​ကြောင့်​ ချန်း​ယောလ်​ လန့်​သွားရ၏...

တီ!!!တီ!!!!!!!!!!!!!

ကားဟွန်းသံရှည်​ ဆွဲ​နေသည့်​တိုင်​ ကားကို မမှိတ်​မသုန်​ စိုက်​ကြည့်​​နေ​သော အနှီး ​ကောင်​​ကြောင့်​ အလျင်​အမြန်​ပင်​ ကားဘရိတ်​နင်းလိုက်​ရ၏...

ကား​ရှေ့တွင်​ အရုပ်​ကြိုးပြတ်​လဲကျသွား​သော သူ​ကြောင့်​ ချန်း​ယောလ်​ ကား​ပေါ်မှ အလျင်​အမြန်​​ပြေးဆင်းကာ အ​ခြေအ​နေ သွားကြည့်​မိ၏...

☀ SUN ☀ (ZG/UN)Where stories live. Discover now