(Zawgyi)
*Chapter-10*
ညချမ်း၏ လေပြေက တဖြူးဖြူး....
တစိမ့်စိမ့်နှင့် အသဲခိုက်စေသော အအေးဒဏ်ကို အံတုရင်း အမှောင်ကို အဖော်ပြုနေသော ကလေးငယ်တစ်ဦး...
ဆိတ်ငြိမ်လှသော တောင်ကုန်းထက် ဒူးနှစ်ဖက်ကို လက်မောင်းများအကြား ထွေး၍ထိုင်နေ၏...
မဟူရာပြင် ကောင်းကင်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိ၏...
ကြယ်တာရာ ကုဋေကုဋာ နှင့် အလှဆင်ထားသော အာကာသဟင်းလင်းပြင်ကို သူကို လှောင်ရီနေသလို....
"ဒီနေ့ ဒီနေရာကို လာတာ နောက်ဆုံး ဖြစ်လိမ့်မယ်ထင်တယ်"
ဘေးပတ်ပတ်လည်က မြက်ပင်စိမ်းစိုစိုများကို လက်သေးသေးလေးနှင့် အကြောင်းမဲ့ ဆွဲနှုတ်နေမိ၏...
"မနက်ဖြန် ငါဒီနေ့ရာကနေ ထွက်သွားရတော့မှာ..."
"မနက်ဖြန်တွက် စိတ်လှုပ်ရှားနေတာလား?"
ရုတ်တရက် ကျောဖက်မှာလာသော အသံကြောင့် အလျင်အမြန် မတ်တပ်ရပ်ကာ အသံလာရာသို့ မျက်နှာမူလိုက်၏...
"Noona!!!"
ကလေးငယ်၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ရင်း သူမက ဆို၏..
"မိုးချုပ်နေပြီလေ...ဂျွန် ရဲ့...မနက်ဖြန် ခရီးသွားရမှာ စောစော အနားယူမှပေါ့"
ကလေးငယ်က သူမ၏ ခါးကို တင်းကြပ်စွာ ဖက်ရင်း ငိုချလာ၏...
"ကျွန်တော် မသွားလို့မရဘူးလားဟင်"
သူမအား ဖက်ထားသော လက်ကို အသာဖြုတ်ရင်း သူမ ထိုကလေးရှေ့ ဒူးထောက်လိုက်၏...
"သွားရမယ် ဂျွန်... ဂျွန် ဘဝရှေ့ရေးအတွက်သွားရမယ်..."
ပါးပြင်တစ်လျှောက်စီးကျနေသော မျက်ရည်စကို ဖယ်ပေးရင်း သူမက ဆို၏...
"ဂျွန့် ကိုမွေးစားမဲ့ အန်ကယ်က ဂျွန်အမေအရင်းရဲ့ မိတ်ဆွေတဲ့လေ... ဂျွန် မေမေရဲ့ ကျေးဇူးတွေရှိလို့ ဂျွန် လေးကို စောင့်ရှောက်ဖို့ လိုက်ရှာနေခဲ့တာတဲ့... ခုဂျွန်လေး ရဲ့ တကယ် အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို ပြန်သွားနိုင်တော့မှာ... ပျော်နေရမှာလေ... မငိုပါနဲ့ကွယ်... "
VOCÊ ESTÁ LENDO
☀ SUN ☀ (ZG/UN)
Fanfic#ငယ်ငယ်က တိတ်တခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ ရူးသွပ်စွာ စွဲလမ်းနေမိသူ ကောင်လေး Do Kyung Soo #ပျောက်ဆုံးသွားသော ချစ်ရသူကို ရူးသွပ်စွာ ရှာဖွေနေသူ ကောင်လေး Park Chanyeol #ငယ်ငယ်က မှတ်ဉာဏ် ဆုံးရှုံးပြီး ဘဝအသစ်နှင့် အချစ်ဦးကိုမှ ပြန်ချစ်မိသူ ကောင်လေး Oh Se...