အပိုင်း(၂) - အစ်ကိုလေးက အရက်မသောက်နိုင်ဘူး

408 41 4
                                    

(warning- sexual content)

ပွဲရဲ့ အရှိန် တဖြည်းဖြည်း ကောင်းလာတာနဲ့အညီ ရွာသူ ရွာသားအချို့ကလည်း သေရည်အရှိန်ကြောင့် ယစ်မူးနေကြပြီဖြစ်သည်။ ဖန့်ကျစ်ကလည်း မိန်းမပျို အုပ်စုအလယ်တွင် ရပ်ကာ အာလေး လျှာလေးဖြင့် သူ ဖြတ်ကျော်ခဲ့သည့် သချိုင်းဖောက် ခရီးစဉ်များကို တက်ကြွစွာ ပြောနေသည်။ မိန်းမပျိုများကလည်း သေရည်ကြောင့် ဖန့်ကျစ်လော အစ်ကိုလေးလော မသဲကွဲ.. ဟာသပြောလျှင် ရယ်ပြီး ထိကိုင်လာလျှင် ရှက်ရွံကာ အမူပိုနေကြသည်။ တစ်ချို့ အိမ်ထောင်သည်များကလည်း ဇနီးမယားကို ပွေ့ချီကာ အိမ်ကို ပြန်ကြ၊ အိမ်မပြန်နိုင်တော့သည့် ခင်ပွန်းသည်များကို တရွက်တိုက် ဆွဲနေသူများနှင့် ရွာက အနည်းငယ် ဆူညံနေပေသည်။

ဝူရှဲ့က ဆန်အရက်ခွက်ကို ကိုင်ကာ ဖန့်ကျစ်ကို ကြည့်ရင်းရယ်မောနေခဲ့သည်။ သူ့အနားသို့ ကပ်လာသော မိန်းမပျိုလေးများကို လည်း အလိမ္မာနည်းဖြင့် ရှောင်ရှားရသေးသည်။ ခဏအကြာမှ ဘေးက အစ်ကိုလေးကို သတိထားမိပြီး လှည့်ကြည့်တော့ အစ်ကိုလေးက ဘေးနားမှာ မရှိတော့။ ဆုတောင်းပွဲမြေပြင်တွင်လည်း အစ်ကိုလေးကို မတွေ့သောကြောင့် ဆန်အရက်ခွက်ကို ချကာ အစ်ကိုလေးအား အနီးအနား၌ လိုက်ရှာရန် ထွက်လာခဲ့သည်။

ပွဲရဲ့ ခပ်လှမ်းလှမ်းနေရာတွင် အစ်ကိုလေးက အိမ်တစ်အိမ်၏ အရှေ့ ခြံစည်းရိုးတိုင်ကို လက်ဖြင့် အားပြု ကိုင်ထားရင်း ခါးကို ကုန်းကာ တစ်ခုခု ဖြစ်နေဟန် ရပ်နေခဲ့သည်။ ဝူရှဲ့က အစ်ကိုလေးကို လှမ်းတွေ့သွားတဲ့အခါ အနည်းငယ် စိုးရိမ်သွားပြီး အနားသို့ ပြေးလျှောက်သွားခဲ့သည်။

"အစ်ကိုလေး အဆင်ပြေရဲ့လား"

ဝူရှဲ့ အစ်ကိုလေး ဘေးနားကို ရောက်လာပြီး လက်မောင်းကို ကိုင်လှုပ်ကာ မေးကြည့်သော်လည်း အစ်ကိုလေး ပုံစံမှာ အနည်းငယ်မူးဝေနေဟန် မျက်လုံးများက ဦးတည်ရာ ပျောက်လျက် ဝူရှဲ့အား ရီဝေစွာ ပြန်လည် ကြည့်လာခဲ့သည်။

"အစ်ကိုလေး မင်း မူးနေတာလား"

အစ်ကိုလေးက ခေါင်းခါကာ ဖြေလာသည့်တိုင် တိုင်ကို လွှတ်လိုက်သောအခါ ခြေလှမ်းတို့ ယှိင်သွားပြီး ဝူရှဲ့ပေါ်သို့ မှီကျလာခဲ့သည်။ ဝူရှဲ့ကလည်း ဆန်အရက်အရှိန်ကြောင့် မျက်ခွံများ လေးပင်နေသဖြင့် အစ်ကိုလေးနဲ့အတူ အိမ်ပြန်လိုက်ရန် တွေးလိုက်မိသည်။

UNREMEMBEREDحيث تعيش القصص. اكتشف الآن