Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.
အေးချမ်းတဲ့ မနက်ခင်းတစ်ခုကို နေမင်းကြီးက နေရောင်ခြည်နဲ့ အလှဆင်လိုက်တယ် ဆိုရင်ပဲ ကြက်ဖတွေက သူ့ထက်ငါ အပြိုင် အော်ဟစ်တွန်ကျုးလာကြသည်။ တောင်ပေါ် ကျေးရွာလေးတစ်ရွာ ဖြစ်လို့ စောစောထတဲ့သူတွေ၊ ဟင်းရွက်သားငါး ရှာမဲ့သူတွေက တောထဲသို့ပင် ဝင်သွားကြပြီ ဖြစ်သည်။ ဒီရွာက အစ်ကိုလေး ကျင်လည်ခဲ့တဲ့ သက်တမ်းအတွင်း အအေးချမ်းဆုံးနဲ့ သူအနေချင်ဆုံး ရွာတစ်ရွာ ဖြစ်တယ်လို့ ဝူရှဲ့ကို ပြောဖူးလို့ ဝူရှဲ့နဲ့ ဝမ်ဖန့်ကျစ်တို့က သင်္ချိုင်း ဖောက်တဲ့အလုပ်တွေ ရပ်လိုက်တဲ့အခါ သုံးယောက်အတူ ထိုရွာတွင် လာနေခြင်း ဖြစ်သည်။
ရွာသားတွေက ဖော်ရွေပြီး ရိုးရှင်းကြသည်။ မြေဩဇာ ကောင်းလို့ သီးနှံအထွက်ပေါတဲ့အပြင် ပန်းပင်တို့ကလည်း တောင်ပေါ်တစ်လျှောက် လက်ညိုးထိုးမလွဲ ရှိတတ်သည်။ အစ်ကိုလေးသည် တောလိုက်သွားသည့်အခါတိုင်း တစ်ခါတစ်ရံ ဝူရှဲ့အတွက် ပန်းအချို့ ခူးလာပေးတတ်သည်။ ထိုအခါတိုင်း ဝူရှဲ့က သွားတွေ ပေါ်အောင် ပြုံးရင်း ကလေးဆန်တယ် ဟုသာ စနောက်ပြောဆိုပြီး ပန်းတွေကိုတော့ အလှဆင်ထားတတ်သည်။
ဒီနေ့က ရွာရဲ့ရိုးရာ ဆုတောင်းပွဲ ဖြစ်လို့ ရွာသားများက ပွဲကျင်းပရန် ပြင်ဆင်နေကြသည်။ မိန်းကလေးတို့က လှပတဲ့ ချည်ထည်တွေကို အထပ်ထပ် ဝတ်ဆင်ထားရင်း လမ်းတိုင်းကို ပန်းတို့ဖြင့် အလှဆင်နေသည်။ တောလိုက် မုဆိုးတို့က ရလာသည့်သားငါးများကို အဆင်သင့်ဖြစ်အောင် ခုတ်ထွင်ပေးနေပြီး ဇနီးသည်တို့ကတော့ လူစုကာ ထိုသားငါးတို့ကို ချက်ပြုတ်ရန် ပြင်ဆင်နေကြသည်။
"ဖက်တီးစုတ် ထတော့.. ထ... ငါနဲ့ ရွာထဲကို လိုက်ခဲ့ပေး"
.
VOUS LISEZ
UNREMEMBERED
Fanfiction"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ
