အပိုင်း(၆)- အစ်ကိုလေးက အစ်ကိုလေး မဟုတ်ဘူး
........
မြို့ပြ၏ လမ်းမထက်တွင် လူသူ အသွားအလာ နည်းသည်ထက် နည်းလာခဲ့ပြီး ညဉ့်အမှောင်၏ လွှမ်းခြုံမှုက တစ်စထက် တစ်စ နေရာယူလာခဲ့သည်။ ရှဲ့အိမ်တော်၏ ပြဇာတ်စင်မြင့်သည် ကြည့်ရှုသူ ကင်းမဲ့နေသည့်တိုင် အရှိန်အဝါတို့ဖြင့် တောက်ပနေစမြဲ။
ရှဲ့ယှီချန်သည် အိပ်ခန်းအတွင်းတွင် ထိုင်ကာ ခန္ဓာဗေဒ ခွဲခြမ်းစိတ်ဖြာနည်း စာအုပ်ကို ဖတ်နေရင်း စားပွဲရှိ ဖုန်းကို မကြာခဏ လှမ်းကြည့်နေခဲ့သည်။
(ဒီ မျက်ကန်းကတော့ ....ဒီနေ့ ရောက်မယ်ဆိုပြီး အခုထိ မရောက်သေးဘူး)
ထိုအချိန် အိမ်တော် ခြံဝန်းအတွင်းသို့ အုတ်တံတိုင်းမှ တစ်ဆင့် ကျော်ဝင်လာသည့် အမည်းရောင် အရိပ်တစ်ခုက တဖြည်းဖြည်းနှင့် အိမ်တော်အတွင်းသို့ ချဉ်းကပ်လာခဲ့သည်။ ရှဲ့ယှီချန်သည် စာဆက်ဖတ်ရန် စိတ်မပါတော့သဖြင့် စာအုပ်ကို စားပွဲ ပေါ် ပြန်တင်ထားလိုက်ပြီး စိတ်ပြေလက်ပျောက် ဖြစ်ရန် အိပ်ခန်းအပြင်သို့ ထွက်လာကာ အိမ်တော် အလယ်တွင် တည်ရှိနေသော ပြဇာတ်စင် ရှိရာသို့ လျှောက်လာခဲ့သည်။ ယနေ့တွင် အစောင့်များက ပုံမှန်ထက် နည်းပါးကာ တိတ်ဆိတ်နေသောကြောင့် ရှဲ့ယှီချန်သည် ပြဇာတ်စင်ကို ငေးကြည့်လျက် ယခင်က ထို ပြဇာတ်စင်တွင် ဖြတ်သန်းခဲ့သည့် မိမိငယ်ဘဝကို ပြန်လည် စဉ်းစားနေခဲ့သည်။
ထိုအချိန် ရုတ်တရက် ပြဇာတ်စင်အနောက်မှ တစ်ကိုယ်လုံး အမည်းရောင် ဝတ်ထားပြီး ခေါင်းစွပ်စွပ်ထားသည့် လူတစ်ယောက် ထွက်လာခဲ့သဖြင့် ရှဲ့ယှီချန် အနည်းငယ် လန့်သွားကာ အနောက်ကို တစ်လှမ်းဆုတ်မိသွားပြီး ထိုလူကို လှမ်းကြည့်လိုက်သည်။ ထိုလူက ခါးတွင် လွယ်ထားသည့် ဓားအိမ်အတွင်းက ဓားရှည်ကို တဖြည်းဖြည်းချင်း ဆွဲထုတ်ကာ ရှဲ့ယှီချန်ကို မော့ကြည့်လာခဲ့ပြီး သူ၏ ခေါင်းစွပ်က အနောက်ကို လှန်ချသွားခဲ့သည်။
ရှဲ့ယှီချန် အံဩသွားပြီး ပါးစပ်မှ တစ်လုံးချင်းစီ ရေရွတ်လိုက်သည်က
" ကျန်း.... ချီ... လင်"
.......... xxxxx .........
ВЫ ЧИТАЕТЕ
UNREMEMBERED
Фанфикшн"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ
