အပိုင်း(၉)- အစ်ကိုလေးအား ပြန်ပေးဆွဲခြင်း
.....
ရှန်ဟိုင်း မြို့ကြီးသည် ပုံမှန်အတိုင်း မီးရောင်စုံတို့နှင့် လှပနေဆဲ။မြို့ပြ၏ မီးရောင်စုံ အောက်တွင် လှုပ်ရှားသွားလာနေကြသော လူသားများသည် ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်း ၊ ဆန်းသစ်လှပခြင်းတို့ နှင့် ပြည့်နှက်နေကြသည်။ သို့သော် လူသူ ကင်းမဲ့ပြီး ချောင်ကျသည့် လမ်းကြားတစ်နေရာတွင်တော့ တိုက်ပွဲ အသေးစား တစ်ခု ဖြစ်နေခဲ့သည်။
လူ နှစ်ယောက်၏ အားပြိုင်မှုကြား ဘေးလူများက ဝင်တားဖို့ မတက်သာဘဲ အသင့်အနေအထားဖြင့်သာ စောင့်ကြည့်နေခဲ့ရသည်။ အနက်ရောင် ခေါင်းစွပ်နှင့် လူသားက ဒေါသထွက်နေသည့် မျက်လုံးများဖြင့် အညိုရောင် ကုတ်နှင့် အဖြူရောင်ရှပ်ကို ဝတ်ထားသည့် လူငယ်တစ်ယောက်ပေါ်တွင် ခွလျက် အုပ်မိုးထားပြီး ထိုလူ၏ လည်ပင်းကို အားဖြင့် ညစ်ကာ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ကာ တလဲလဲ မေးနေခဲ့သည်။
"ဘာကြောင့်လဲ??? ဘာကြောင့် ငါ့ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့တာလဲ??? ဘာကြောင့်လဲ???? ဝူ ရှဲ့!!!!!!"
" အစ်ကိုလေး မင်း ဘာတွေ ပြောနေတာလဲ????? !!!! အစ်ကိုလေး မင်း အသိဝင်စမ်းပါ အစ်ကိုလေး!!!!!"
.......xxx........
..လွန်ခဲ့သော ၂ ရက်ခန့်က..
ဟော်အိမ်တော်၏ ဧည့်လာဆောင်၌ ေဟာ် ရှို့ရှို့နှင့် ဟော်မျိုးနွယ်စု အကြီးအကဲများ၊ ဝူရှဲ့၊ ဖန့်ကျစ်၊ ရှဲ့ယှီချန် နှင့် စုံစမ်းထောက်လှမ်းရေးအဖွဲ့က စုံထောက်အချို့ ရှိနေခဲ့သည်။ စုံထောက် ခေါင်းဆောင် ဖြစ်သူဟန်က ဟော်ရှို့ရှို့ကို ကြည့်ရင်း
" လူသေဆုံးမှု ဖြစ်တဲ့အတွက် ရဲဌာနက စုံစမ်းထောက်လှမ်းတာတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာပဲ လူသတ်သမားကို မိတဲ့အခါမှ ဟော်ရှို့ရှို့အနေနဲ့ အမှု ဖွင့်မဖွင့်ကို ဆုံးဖြတ်ပါ... ဒါပေမဲ့ ဒီအမှုက ရဲဘက် ဆိုင်ရာနဲ့ သွားမယ်ဆိုရင် သေချာပေါက် ဟော်ရှို့ရှို့ရဲ့ သဘော တူညီချက်မပါဘဲနဲ့လည်း ကျွန်တော်တို့ ဘက်က တရားလိုအဖြစ် အမှုဖွင့်လို့ ရတယ် ဆိုတာကို သိထားပေးပါ"
ВЫ ЧИТАЕТЕ
UNREMEMBERED
Фанфикшн"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ
