အပိုင်း(၅)- အစ်ကိုလေး ကျွန်တော် ဝူရှဲ့လေ
.....
ဟော်အိမ်တော် ဟော်ရှို့ရှို့ ခေါင်းဆောင်ခံယူသည့်နေ့သည် ဟော်ဖွားဖွား၏ အသုဘရက်လည်ထက်ပို၍ပင် စည်ကား နေသည်။ ယခင်က ရင်းနှီးကျွမ်းဝင်လိုဟန် မရှိသည့် ကုန်သည်များ၊ စီးပွားရေး သမားများနဲ့ အိမ်တော်ကြီးများကပင် အထူးတလည် လာရောက်ဂုဏ်ပြုကြသည်။ တစ်ချို့က စိတ်ရင်းဖြင့် ဂုဏ်ပြုရန်၊ တစ်ချို့ကမူ ခေါင်းဆောင်သစ်၏ ပါးနှပ်မှုကို လေ့လာရန်၊ အနည်းငယ်သော တစ်ချို့ကသာ သူမအား ကာကွယ်စောင့်ရှောက်ရန်....
ရှဲ့ယှီချန်သည် မနက်အစောပိုင်းကတည်းက ဟော် အိမ်တော်သို့ ရောက်ရှိနေခဲ့ကာ ဟော်ရှို့ရှို့ဘေးတွင် ရှိနေပေးခဲ့သည်။ တစ်ချို့ အိမ်တော်ကြီးများ၏ ရန်စလိုမှုများ၊ ပြိုင်ဆိုင်လိုမှုများကို ရှဲ့အိမ်တော်ဟာ ဟော်အိမ်တော်နှင့်အတူ ရှိနေကြောင်း ရှဲ့ယှီချန်ဟာ ဟော်ရှို့ရှို့နောက်ကွယ်တွင် ရှိနေခြင်းဖြင့် နောက်ဆုတ်သွားစေခဲ့သည်။ တစ်ချို့ကမူ ရှဲ့ ယှီချန်၏ အရှိန်အဝါကို ကြောက်ရွံသောကြောင့် ဟော်ရှို့ရှို့အား မထိမဲ့မြင် မပြုရဲ။ ဟော်ရှို့ရှို့သည် ထိုအချိန်ခဏ၌ ရှဲ့ယှီချန်အား လေးစားကျေးဇူးတင်မိသည်။ တစ်ဦးတည်းသော ဖွားဖွား ဆုံးသွားချိန်၌ မိမိ၏ ကောင်းကင်ဟာ ပြိုလဲသွားခဲ့ပြီး အဖက်ဖက်သော နေရာပေါင်းစုံက တိုက်ခိုက်ခြင်းတို့ကို ခံစားရသော်လည်း မိမိကို ကာကွယ်ပေးထားသည့် နံရံတံတိုင်း တစ်ခုတော့ ကျန်ရှိနေသေးကြောင်း သိလိုက်ရသဖြင့် အနည်းငယ် စိတ်အေးသွားသည့် ခံစားချက်မျိုးပင်။
ဝူရှဲ့နှင့် ဖန့်ကျစ်သည် ဟော်အိမ်တော် ဧည့်ခန်းမဆောင်တွင် မိန်းမကြီးများအသွင် ရုပ်ဖျက်ထားလျက် ဧည့်သည်များနှင့် ရောထွေးနေပြီး လူသတ်သမား သို့မဟုတ် အစ်ကိုလေး ထွက်ပေါ်လာမည်ကို စောင့်မျှော်နေခဲ့သည်။ ဖန့်ကျစ်က ဝက်ဂုတ်သားကင် တစ်ပွဲအား သွားယူလာကာ ဝူရှဲ့ဘေး ဝင်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရင်း
"ထျန်းကျန်း အခုချိန်လောက်ဆို အစ်ကိုလေး ပေါ်လာသင့်ပြီ မလား ဘာလို့ အခုထိ မပေါ်လာသေးတာလဲ"
ESTÁS LEYENDO
UNREMEMBERED
Fanfiction"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ
