အပိုင်း(၁၂)- အစ်ကိုလေးက အစမ်းသပ်ခံ မဟုတ်ဘူး

380 33 8
                                        

အပိုင်း(၁၂) - အစ်ကိုလေးက အစမ်းသပ်ခံ မဟုတ်ဘူး----

ဓားဖြင့် ထိုးလာသည့် လက်ကို ဖမ်းကိုင်လိုက်ပြီးနောက် မျက်မှန်အမည်းကို တပ်ကာ ကုတင်ပေါ်မှ လူသည် အောက်စီဂျင်ပိုက်များကို ဖြုတ်ပြီး ထလာခဲ့သည်။

"ဒါမှမဟုတ် မင်းကို ဟေးလုမင် လို့ ခေါ်သင့်လား ဟမ် ဝူရှဲ့"


"သေချာပေါက်ပေါ့"

ကျန်းချီလင်အယောင်ဆောင်ထားသည့် ဟေးလုမင်သည် အံ့ဩထိတ်လန့်သွားပြီး လက်ကို ရုန်းကန်ကာ အနောက်သို့ ဆုတ်သွားသည်။ ရှဲ့အိမ်တော်၏ ကိုယ်ရံတော်များ၊ သက်တော်စောင့်များသည် တံခါးပေါက်တွင် ပိတ်ကာထားလိုက်ကြပြီး ဟေးလုမင်ကို ဖမ်းဆီးရန် အဆင်သင့် ဖြစ်နေကြသည်။ ဟေးလုမင်သည် ဝူရှဲ့အား ကြည့်ကာမယုံနိုင်စွာဖြင့် မေးသည်။

"မင်း.. မင်းသိနေတယ် ဘယ်အချိန်ကတည်းကလဲ""မင်း အစ်ကိုလေးအယောင်ဆောင်ပြီး တောထဲမှာ ငါတို့ဆီ လာကတည်းကပဲ""ဘာ.."...xxx....လွန်ခဲ့သော နာရီအနည်းငယ်ခန့်က တောအုပ်ထဲတွင် ဖြစ်သည်။ ဝူရှဲ့သည် အိမ်မက်ကနေ လန့်နိုးလာပြီး ကျန်းချီလင်ကို လိုက်ရှာခဲ့သည်။ ထိုအချိန် တောအုပ်ထဲမှ ထွက်လာသော ကျန်းချီလင်သည် တစ်ခုခု မှားယွင်းနေမှန်း ဝူရှဲ့သတိထားမိခဲ့သည်။ 

ကျန်းချီလင်၏ ပုံစံမှာ အနည်းငယ် မတည်ငြိမ်သည့် ပုံစံ ပေါက်နေပြီး မျက်လုံးအကြည့်များ ပြောင်းလဲ နေသည်။ ထို့ကြောင့် ဝူရှဲ့သည် ကျန်းချီလင်၏ လက်မောင်းနှစ်ဖက်ကို ကိုင်တွယ်ကာ စကားပြောဆိုကြည့်လိုက်သည်။ 

ကျန်းချီလင်၏ အရိုးအကြောများသည် သာမာန်သူများနှင့် မတူ၊ နှစ်ပေါင်းများစွာ ရှင်သန်ထားသည့် အရိပ်အယောင်ကြောင့် ပင်ပန်းနေသော ကြွက်သားများကို ခံစားနိုင်သည်။ သို့သော် ယခု ဝူရှဲ့ရှေ့မှ ကျန်းချီလင်သည် သန်မာသော အရိုးအဆစ်များဖြင့် ဖွဲ့စည်းထားသည့်လူငယ် တစ်ယောက်၏ ဖွဲ့စည်း ပုံ ဖြစ်နေသည်။ ထို့ကြောင့် ဝူရှဲ့၏ သံသယ ရှိမှုသည် တိုးလာခဲ့ပြီး အတွေးတစ်ခု ရလာခဲ့သည်။ 

ဝူရှဲ့သည် ကျန်းချီလင်အား ရှဲ့ယှီချန် အိမ်တော်သို့ ခေါ်ဆောင်လာခဲ့ပြီး ဓားဖြင့် အထိုးခံထားရသည့် ဟေးရန်ကျင်းအား ပြသခဲ့သည်။ ကျန်းချီလင်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသော ဟေးရန်ကျင်းအား ကြည့်ရူကာ လူသတ်ချင်သည့် အငွေ့အသက်များ ပေါ်လာခဲ့သည်။ ဝူရှဲ့သည် ထိုအရာကို သတိထားမိသလို ရှဲ့ယှီချန်၏ ပြောပြချက်ကြောင့် ဟေးရန် ၏ အခြေအနေကိုလည်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ရှဲ့ယှီချိန်နှင့် တိုင်ပင်ကာ ဟေးလုမင်အား ထောင်ချောက်ဆင် ဖမ်းရန် ဖြစ်လာခဲ့သည်။ 

UNREMEMBEREDOnde histórias criam vida. Descubra agora