အပိုင်း (၇)- မှားယွင်းနေတဲ့ မှတ်ဉာဏ်တွေ
.............
မြူငွေ့တွေလို အခိုးအငွေ့တွေကြားထဲ ဝေဝါးနေတဲ့ မှတ်ဉာဏ်အချို့ကို ထုတ်ဖော်ကြည့်ဖို့ ကြိုးစားနေတဲ့ ကျန်းချီလင်က တစ်ယောက်တည်း ရပ်နေခဲ့သည်။ သူ့ရဲ့ ဘေးနားမှာ ထောင်သောင်းမကသော စစ်သည်တော်များက ဓား၊ လှံများကို ကိုင်ဆောင်ထားရင်း တစ်နေရာတည်းကို မျက်နှာမူကာ စီတန်း လျှောက်သွားနေကြသည်။ မိမိ၏ ကိုယ်ပေါ်တွေလည်း ထိုစစ်သည်များနှင့် နည်းတူ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းတို့နဲ့ အတူတူ လျှောက်သွားနေခဲ့သည်။
စစ်သည်တော်များသည် ကြီးမားသည့် ကြေးဂိတ်တံခါးကြီး ရှိရာသို့ တန်းစီ လျှောက်သွားနေကြသည်။ ကျန်းချီလင်သည် ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ ထိုစစ်သည်တော်များက လူသားများ မဟုတ်၊ တစ်ကိုယ်လုံးအစိမ်းရောင် အခိုးအငွေ့များ တောက်ပနေပြီး အရိုးခြောက်ပုံစံ စစ်သည်များပင်။ ထိုအချိန် ခပ်လှမ်းလှမ်းမှ ခေါ်သံသဲ့သဲ့ကို ကြားနေရပြီး ထိုအသံက ရင်းနှီးလှသည်။
"အစ်ကိုလေး....ကျန်းချီလင်.... ကျန်းချီလင်!!!!"
ကျန်းချီလင်သည် အသံကြားရာအနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ မြူခိုးငွေ့တွေနဲ့အတူ ပုံရိပ်တွေ ဝေဝါးသွားပြန်သည်။ ထို့နောက် သူသည် အပေါ်အင်္ကျီကျွတ်လျက်သား သစ်ပင်ကြီး တစ်ခုပေါ်သို့ ရောက်နေခဲ့သည်။ သစ်ပင်အောက်ခြေတွင် အလောင်းစားပိုးကောင်များ(ရှစ်ပျယ်ဝမ်)က အုံလိုက် ကျင်းလိုက် သစ်ပင်ပေါ်သို့ တက်လာနေကြသည်။
သစ်ကိုင်းတစ်ခုပေါ်တွင် လူတစ်ယောက် လဲကျနေပြီး သစ်ပင်ထိပ်ပိုင်းကို ရောက်သွားသည့် လူအချို့က ထိုလူအား စိတ်ပူစွာ အော်ခေါ်နေကြသည်။"ရှောင်စန်းရယ် !!!"
"ထျန်းကျန်း မင်း အမြန်တက်လာခဲ့"
"သတိထား ဝူရှဲ့!"
ကျန်းချီလင်သည် မသိစိတ်၏ လှုံဆော်ချက်အရ ထို ဝူရှဲ့ အမည်ရသော ကောင်လေးနားကို ခုန်ဆင်းသွားလိုက်ပြီး ဓားရှည်ကို ထုတ်ကာ အလောင်းစားပိုးကောင်များထံ မိမိလက်မှ သွေးစက်များကို ပစ်ထုတ်လိုက်သည်။ ဝူရှဲ့ ဘေးနားက ပိုးကောင်များ ရှင်းလင်းသွားသည့်အချိန်မှ ဝူရှဲ့ကို ဆွဲမကာ အပေါ်သို့ တက်နိုင်အောင် ကူညီပေးခဲ့သည်။ ထို့နောက် အနောက်မှ လိုက်လာတဲ့ ပိုးကောင်များ ဝူရှဲ့နောက်သို့ လိုက်သွား၍ မရအောင် ရှင်းလင်းမောင်းထုတ်နေတုန်း သူ့အပေါ်သို့ ဓာတ်ဆီများ လောင်းကျလာသည်ကို ခံစားလိုက်ရသည်။ ကျန်းချီလင် အပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်မှာပင် မီးတုတ်များက သူ့ဆီ တည့်တည့်သို့ ကျလာသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။

ВЫ ЧИТАЕТЕ
UNREMEMBERED
Фанфик"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ