အပိုင်း(၃)- အစ်ကိုလေးက လူသတ်လိုက်တယ်

343 44 13
                                    

....

ဝူရှဲ့ သူ့ကို စကားမပြောသည်မှာ သုံးရက်ခန့်ရှိပြီ ဖြစ်သည်။ သူ့ကို တွေ့တိုင်း ရှောင်သွားတတ်သည်။ သူလာနေတာ မြင်လျှင် အခန်းထဲ ဝင်သွားတတ်သည်။ နောက်ဆုံး ထမင်းစားလျှင်တောင် သူ့အခန်း ထဲကိုသာ ဝင်စားတတ်သည်။ အစ်ကိုလေးသည် တစ်ခုခု မှားနေပြီ ဆိုတာကို သတိထားမိသောကြောင့် ညနေ ထမင်းဝိုင်းတွင် ဝူရှဲ့ကို မျက်နှာချင်းဆိုင်တွေ့ပြီး မေးရန် ဆုံးဖြတ်လိုက်သည်။ ညနေရောက်တော့ သူနဲ့ ဖန့်ကျစ် နှစ်ယောက်က ထမင်းဝိုင်းတွင် အရင် ထိုင်နေကြသည်။

"အစ်ကိုလေး မင်း ဝူရှဲ့နဲ့ ရန်ဖြစ်ထားတာလား"

အစ်ကိုလေးက ဖန့်ကျစ်ကို ကြည့်ကာ ခေါင်းခါရင်း အဖြေပေးလိုက်သည်။ ထိုအခါ ဖန့်ကျစ်က လက်နှစ်ဖက်ကို ယှက်ကာ အလေးအနက် စဉ်းစားနေသည့် ပုံဖြင့်

"ဒါဆို ဘာလို့ သူ အစ်ကိုလေးကို ရှောင်နေတာလဲ"

"မသိဘူး"

"ဟိုတစ်နေ့ကတည်းက ရှောင်နေတာ အဲ့နေ့ညက ဘာဖြစ်ခဲ့တာလဲ... နောက်နေ့ ဝူရှဲ့က ဖျားပါ ဖျားသွားတယ် ဆိုတာ့ အစ်ကိုလေး မင်း မဟုတ်မှ လွဲရော..."

အစ်ကိုလေးက မျက်မှောင်ကျုံကာ ဖန့်ကျစ်ပြောလာမည်ကို နားထောင်နေခဲ့သည်။ ဖန့်ကျစ်က အစ်ကိုလေး အနားကို ကပ်ကာ သေချာပေါက် ပြောချလိုက်သည်က

"မင်း မူးမူးနဲ့ သူ့ကို ကန်ထုတ်လိုက်တာလား.. အဲ့တာကြောင့် စိတ်ဆိုးပြီး စကားမပြောတော့တာလား"

"ငါ မမှတ်မိဘူး"

အစ်ကိုလေးက မျက်နှာလွှဲကာ ဖြေရုံရှိသေး .. ထမင်းစားခန်းထဲသို့ ဝင်လာသည့် ဝူရှဲ့နဲ့ မျက်လုံးချင်း ဆုံသွားခဲ့သည်။ ဝူရှဲ့က သူ၏ မမှတ်မိဘူး ဆိုသည့် စကားကြောင့် မျက်နှာ မာသွားပြီး အခန်းထဲက လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

"ဝူရှဲ့"

"ထျန်းကျန်း"

အစ်ကိုလေးရော ဖန့်ကျစ်ပါ တစ်ပြိုင်နက် ခေါ်လိုက်သောကြောင့် ဝူရှဲ့ ခြေလှမ်းများ ရပ်တန့်သွားသည်။ အစ်ကိုလေးက ဝူရှဲ့ ရှိရာသို့ လျှောက်လာကာ

UNREMEMBEREDTempat cerita menjadi hidup. Temukan sekarang