အပိုင်း(၁၀) - အမှတ်တရအိမ်
.... ..... .........
သစ်တောအုပ်၏ စိုထိုင်းမှုကြောင့် ပင်ကို ရှိပြီးသား သစ်ရိပ်တို့က အအေးဓာတ် ပိုနေဟန် ရှိပြီး သစ်တော အတွင်းပိုင်းရှိ အိမ်ငယ်လေးတစ်လုံးထံမှ မီးခိုးငွေ့များ ထွက်နေခဲ့သည်။ အိမ်ထဲတွင် သတိလစ်နေသည့် ကျန်းချီလင်အား ကုတင်ပေါ် တင်လိုက်ပြီး ဝူရှဲ့က အိမ်ပတ်လည်ကို တစ်ချက်ကြည့်ကာ
"ဒါက ဘယ်နေရာလဲ ? ဖန့်ကျစ်"
"ငါ့ရဲ့ လက်နက်တိုက်"
"အမ်.. လက်နက်တွေရော.... ငါလည်း တစ်ခုမှ မတွေ့ပါလား"
"အိုက်ယား မင်း နားမလည်ပါဘူး ဒီကိုပဲ အာရုံစိုက်စမ်းပါ"
ဝမ်ဖန့်ကျစ်က ကျန်းချီလင်ရဲ့ လက်ကို ယူပြီး ကုတင်က တိုင်နှင့် ချည်ရင် လက်ထိပ်ကို ထုတ်လိုက်သည့်အခါ ဝူရှဲ့က အမြန် တားလိုက်ပြီး
"သူ့ကို အဲ့တာ မလိုဘူး"
"ထျန်းကျန်း ငါလည်း မခတ်ချင်ဘူး ဒါပေမဲ့ မင်း သူ့ကို နိုင်လို့လား? သူ နိုးလာလို့ သောင်းကျန်းရင် ငါလည်း မနိုင်ဘူးနော် "
ဖန့်ကျစ် ပြောလိုက်သည့်အခါ ဝူရှဲ့ ငြိမ်ကျသွားသည်။ သူသည် အစ်ကိုလေးကို လက်ထိပ်မခတ်ချင်ပါ။ မည်သို့ပင် အတိတ်မေ့နေကာမူ သူ့ကို ဘယ်တုန်းကမှ အန္တရာယ်မပြုဖူးသော အစ်ကိုလေးသည် ယခု၌ သူ့ကို မေ့သွား ရုံတင်မက သူ့ကိုပါ သတ်ရန် ကြိုးစားနေလေသည်။ ဝူရှဲ့ စိတ်မကောင်းစွာဖြင့် ဖန့်ကျစ်အား တားနေသည့် လက်ကို ဖြေလျော့ပေးလိုက်ရသည်။ အစ်ကိုလေး တကယ် တိုက်ခိုက်လျှင် သူရော ဖန့်ကျစ်ပါ အစ်ကိုလေးအား မနိုင်ချေ။
ဖန့်ကျစ်သည် အစ်ကိုလေး လက်တစ်ဖက်ကို ကုတင်ထောင့်မှာ လက်ထိပ်ခတ်ထားလိုက်ပြီး ဝူရှဲ့နဲ့ အတူ ဘေးနား ထိုင်ကာ အစ်ကိုလေး သတိရလာမည်ကို စောင့်နေခဲ့သည်။ ဝူရှဲ့က ဖန့်ကျစ်ဘက်ကို လှည့်ကာ
"ဒီနေရာက ဘယ်သူမှ မသိဘူးဆိုတာ သေချာရဲ့လား?"
"သေချာတာပေါ့ကွ ဒီနေရာက ငါ့ရဲ့ လျှို့ဝှက်သီးသန့်နေရာ"
ဖန့်ကျစ် စကားကြောင့် ဝူရှဲ့ မသင်္ကာတော့ဘဲ အိမ်ထဲ လိုက်ရှာမွှေနှောက်တော့သည်။ ဖန့်ကျစ်က အမြန် ထကာ
ESTÁS LEYENDO
UNREMEMBERED
Fanfiction"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ
