အပိုင်း(၁၃) - အစ်ကိုလေး ပျောက်သွားတယ်

219 29 8
                                        

ဆောင်းရာသီ၏ အငွေ့အသက်သည် တဖြည်းဖြည်း ရှန်ဟိုင်းမြို့ကို လွှမ်းခြုံလာပြီး မြူနှင်းတွေ၏ အငွေ့အသက်ကို တစ်စွန်းတစ်စ ခံစားနေရသည်။ အရောင်အသွေး စုံလင်သည့် ဆိုင်းပုဒ် မီးရောင်တွေ အောက်တွင် အသက် ၄၀ အရွယ် ယောက်ျားကြီးတစ်ယောက်က ဝီစကီပုလင်းကို ဆွဲပြီး ယိုင်တိယိုင်တိုင် ခြေလှမ်းများနဲ့ စွန့်ပစ်တိုက်ခန်းများဘက်ကို လျှောက်လာနေသည်။ 

လမ်းတစ်လျှောက်တွင် ဝင်တိုက်ခဲ့သမျှ လူများကို မကောင်းပြောဆိုကာ စွန့်ပစ်တိုက်ခန်း ဒုတိယထပ်ကို တက်သွားခဲ့သည်။ ထိုနေရာတွင် အစောင့် နှစ်ယောက်က အိပ်မောကျနေတာကြောင့် ယောက်ျားကြီးက ခြေထောက်နဲ့ ပိတ်ကန်ပစ်ပြီး ဆဲဆိုပြန်သည်။

"သူတောင်းစားတွေ အိပ်ဖို့ပဲ သိတဲ့ ကောင်တွေ ငါ့ရှေ့က ဖယ်စမ်း"

အိပ်နေသည့် အစောင့်များသည် ကြောက်လန့်တကြား ထရပ်ပြီး လမ်းဖယ်ပေးသောအခါ ယောက်ျားကြီးက အိမ်တံခါးကို ဖွင့်ဝင်သွားသည်။ အထဲတွင် ခြေချင်းကို သံကြိုးခတ်ထားသည့် အမျိုးသမီးနှင့် ကလေးငယ်တစ်ယောက် ရှိသည်။

"တောက်..အရေးမပါတဲ့ အလုပ်ကို ငါက လုပ်နေရတယ်"

အမျိုးသမီးက ကလေးငယ်ကို နို့လှန်တိုက်နေချိန် ရုတ်တရက် ဝင်လာသည့် ယောက်ျားကြီးကြောင့် အလျင်အမြန် အင်္ကျီချကာ အနောက်ကို တိုးသွားသည်။ သို့သော် အကုန် မြင်လိုက်သည့် ယောက်ျားကြီးသည် တဏှာဆန်ဆန် အကြည့်တို့ဖြင့် ကြည့်ပြီး အနားကို လျှောက်လာကာ

"ငါ့ကို ပေးစို့စမ်းပါ. အဲ့နို့တွေကို"

"လူ..လူယုတ်မာ ထွက်သွားစမ်း"

ယောက်ျားကြီးသည် အမျိုးသမီး လက်ကို ဖမ်းကိုင်လိုက်သည့်အခါ အမျိုးသမီးက ကလေးငယ်ကို ထိမည် ဆိုးသောကြောင့် ဘေးနားကို ချထားကာ ရုန်းကန်သည်။

"ငါ့ကို လွှတ်စမ်း.. မသာကောင် ငါ့ကို မထိနဲ့"

"လာစမ်းပါ.. ဘာလို့ အရမ်း ရုန်းနေတာ .. မင်းကို စောင့်ကြည့်ရလို့ ငါ့အရေးကြီးတဲ့ အလုပ်တွေ မလုပ်ဖြစ်တော့ဘူး  အဲ့တော့ တန်ရာကို ပြန်ယူရမယ်"

UNREMEMBEREDМесто, где живут истории. Откройте их для себя