အပိုင်း(၁၄) - မဟူရာချောက်နက်အတွင်း သက်ဆင်းခြင်း

338 33 9
                                        

"အစ်ကိုလေး ဘယ်မှာလဲ ဆိုတာ ခင်ဗျား သိတယ်မလား"

ဝူရှဲ့၏ အမေးကို ဒေါက်တာလင်းသည် လေးလေးပင်ပင် ခေါင်းငြိမ့်ပြသည်။ ဖန့်ကျစ်နှင့် ဝူရှဲ့သည် အချင်းချင်းကြည့်လိုက်ပြီး ဒေါက်တာလင်း၏ အပြောကို စောင့်နေခဲ့သည်။ ဒေါက်တာလင်းသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ဝူရှဲ့တို့ကို ကြည့်လာသည်။ 

"အင်း.. သူထွက်ပြေးသွားတဲ့ နေရာက.."

----------

မဟူရာချောက်နက်

အိမ်တော် ကိုးခုတွင် ထောင်ချောက်နှင့် အိမ်တော်များ၊ သင်္ချိုင်းများ ဆောက်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည့် ကျန်းမျိုးနွယ်စု၏ နည်းပညာဖြင့် တည်ဆောက်ထားသော ချောက်နက်တစ်ခု။ များပြားသည့် အထပ်များနှင့် ထောင်ချောက်များကြောင့် တည်ဆောက်သူကိုယ်တိုင် မြေပုံဖြင့် ဖြတ်သန်းရသည့် နေရာတစ်ခု။ ထိုနေရာကို တည်ဆောက်ခဲ့သူမှာ ဟေးပေ့မျိုးနွယ်၏ ဘိုးဘေးတစ်ဦး ဖြစ်ပြီး လျှို့ဝှက်ပညာများ စုစည်းထားသည့် "ချန်ကျိ" စာအုပ်ကို ထိန်းသိမ်းရင်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် တည်ဆောက်၍ မပြီးခင်မှာပင် "ချန်ကျိ" စာအုပ်သည် အခိုးခံလိုက်ရပြီး မဟူရာချောက်နက်သည်လည်း ဟေးလုမင်၏ ပိုင်နက်အတွင်း ရောက်သွားသည်။ သို့သော် ချောက်နက်၏ မြေပုံကိုတော့ လိုက်ရှာဆဲ ဖြစ်ပြီး ဟေးလုမင် ပင် ထိုမဟူရာချောက်နက်အတွင်းသို့ ဒီအတိုင်း မဝင်သွားဝံ့။ 

သို့သော် အစ်ကိုလေးသည် သတိရရချင်း ဒေါက်တာလင်းတို့ကို တိုက်ခိုက်ကာ ထိုချောက်နက်အတွင်းသို့ တိုးဝင်သွားပြီး ဟေးလုမင်နှင့် နောက်လိုက်များသည်လည်း အဓိကဇာတ်ဆောင် ကျန်းချီလင်အနောက်ကို လိုက်ဖမ်းရင်း ထို မဟူရာ ချောက်နက်အတွင်း ဝင်သွားကြကြောင်း ဝူရှဲ့ သိလိုက်ရသည်။ 

"အစ်ကိုလေး ဘယ်လောက်တောင်များ လမ်းပျောက်နေလိုက်မလဲ"

ဝူရှဲ့၏ တွေးဆဆ စကားကြောင့် ဖန့်ကျစ်သည် အထုတ်အပိုးများ သယ်လျက်သား ဝူရှဲ့ပုခုံးကို ပုတ်လိုက်သည်။

UNREMEMBEREDМесто, где живут истории. Откройте их для себя